Top News

၁၉၈၄ နောက်ပိုင်း အနီကတ်ပြသခံရခြင်းမရှိသည့် ရာသီအား ရီးယဲလ်မက်ဒရစ် ပြန်လည်ပိုင်ဆိုင်
24htopnews | December 11, 2024 10:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၃၈)ပွဲကစားပြီးချိန်တွင် အနီကတ်ပြသခံရခြင်းမရှိခဲ့ဘဲ ယင်းမှာ ၁၉၈၃-၈၄ ရာသီနောက်ပိုင်း အသင်း၏ အကောင်းဆုံးသော လာလီဂါစည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းဖြစ်ခဲ့ကြောင်းသိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ၁၉၈၃-၈၄ ရာသီတွင် တစ်ရာသီလုံးအနီကတ်ပြသခံရခြင်းမရှိဘဲ ယင်းနောက်ပိုင်းမှစ၍ ၂၀၂၀-၂၁ ရာသီအထိ တစ်ရာသီလျှင်အနည်းဆုံး အနီကတ် (၁)ကတ်ပြသခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ရီးယဲလ်အသင်းအနေဖြင့် ၂၀၂၁-၂၂ ရာသီ လာလီဂါပြိုင်ပွဲတစ်လျှောက် အနီကတ် ပြသခံရခြင်းမရှိဘဲ စည်းကမ်းပိုင်းဆိုင်ရာအကောင်းဆုံးအသင်းဖြစ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၂၁-၂၂ ရာသီတစ်ရာသီလုံးတွင် အဝါကတ် (၇၆)ကတ်သာပြသခံခဲ့ရပြီး ဆိုစီဒက် (၇၂ ကတ်)၏နောက် ဒုတိယအနည်းဆုံးအသင်းအဖြစ်ရပ်တည်ခဲ့သည်။

ယခုရာသီလာလီဂါပြိုင်ပွဲတွင် စည်းကမ်းပိုင်းဆို်င်ရာအဆိုးဆုံးအသင်းအဖြစ် အဝါကတ်(၁၂၃) ကတ်၊ အနီကတ် (၈)ကတ်ပြသခံခဲ့ရသော ဗလင်စီယာအသင်းက ထိပ်ဆုံးတွင်ရပ်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK