ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန်မှာ ချန်ပီယံလိဂ်ဖလားရရှိရန်ထက် ပိုခက်သည်ဟု ဂွါဒီယိုလာ ဆို
24htopnews | December 11, 2024 10:12 AM CST
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိရန်မှာ ချန်ပီယံလိဂ်ဖလားရရှိရန်ထက် ပိုမိုခက်ခဲသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ လီဗာပူးလ်အသင်းနှင့် ပြိုင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသည်။
ဂွါဒီယိုလာက ''လိဂ်ပြိုင်ပွဲက ပိုခက်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ အဲဒါက ရက်သတ္တပတ်များစွာ၊ ပွဲပေါင်းများစွာ၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရသလို၊ ခြေစွမ်းအကောင်း အဆိုး မတူညီတဲ့အခြေအနေတွေ၊ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတာပါ။ (၆၊ ၇)ပွဲကစားရတာ နဲ့ (၃၈)ပွဲကစားရတာ မတူပါဘူးဒဒဟုဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
