ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြီးဆုံးခဲ့သည့် ၂၀၂၁-၂၂ ဘောလုံးရာသီမှာ မိမိတို့အသင်းအတွက် ကောင်းမွန်သောရာသီတစ်ခုမဟုတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး လာမည့်ရာသီသစ်အားယှဉ်ပြိုင်သွားရန် အသင့်အနေအထားရှိနေကြောင်း ဆိုခဲ့သည်။
ဘာစီလိုနာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းနှင့် (၁၃)မှတ်အကွာ အဆင့် (၂)နေရာ၌ရပ်တည်ခဲ့သလို၊ စပိန်ဘုရင့်ဖလားတွင် ရှုံးထွက် (၁၆)သင်းအဆင့်၊ စပိန်စူပါဖလားတွင် ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်နှင့် ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်သို့သာရောက်ရှိခဲ့ပြီး ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။
ထို့ ကြောင့် ဇာဗီက ယခုရာသီတွင် မိမိတို့ အကောင်းဆုံးကြိုးစားခဲ့သော်လည်း လိုအပ်ချက်များရှိခဲ့ပြီး ရလဒ်ကောင်းဖြင့် အဆုံးမသတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇာဗီက ''ကျွန်တော်တို့အပြောင်းအလဲတွေပြုလုပ်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ကြိုးစားခဲ့ပေမဲ့ အမှားအယွင်းတွေများခဲ့ပါတယ်။ ဒီရာသီဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရာသီမဟုတ်ခဲ့ပါဘူး။ အဓိကကျတဲ့ အခိုက်အတန့်တွေကို ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ကျွန်တော်တို့မသိရှိခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ ရာသီသစ်အတွက်တော့ အသင့်ဖြစ်နေပြီး အရာအားလုံးကို အလှည့်အပြောင်းပြုလုပ်ပါမယ်'' ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
