Top News

ဒေါ့မွန်နည်းပြသစ်ဖြစ်လာရန် တယ်ဇစ် ရေပန်းစား
24htopnews | December 11, 2024 10:12 AM CST

၂၀၂၀-၂၁ ရာသီတွင် ဒေါ့မွန်အသင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် တယ်ဇစ်သည် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရရန် ရေပန်းစားနေကြောင်း သိရသည်။

တယ်ဇစ်သည် အသင်းကို ယာယီကိုင်တွယ်စဉ်ကာလအတွင်း ဂျာမန်ဖလားနှင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မှတ်တမ်းရှိခဲ့သည်။

ဒေါ့မွန်အသင်းအနေဖြင့် ၂၀၂၁-၂ ရာသီတွင် ဖလားလက်မဲ့အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် နည်းပြဖြစ်သူ မာကိုရို့စ်အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

အသက်(၄၅)နှစ်ရှိပြီဖြစ်သည့် ဂျာမန်နည်းပြ မာကိုရို့စ်သည် ၂၀၂၁ ခုနှစ် နွေရာသီတွင် မိုချန်ဂလာဘတ်အသင်းနှင့်လမ်းခွဲ၍ ဒေါ့မွန်အသင်းနည်းပြအဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံရသော်လည်း အောင်မြင်မှုမရသဖြင့် တစ်ရာသီအကြာမှာပင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းသည် ၂၀၁၅ ခုနှစ် နွေရာသီတွင် ယာဂန်ကလော့ပ်နှင့် လမ်းခွဲပြီးနောက်ပိုင်း ခုနစ်နှစ်အတွင်း နည်းပြခြောက်ဦးအထိ အပြောင်းအလဲပြုလုပ်ထားကြောင်း သိရသည်။


READ NEXT
Cancel OK