Top News

အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများ ကြိုတင်ပေးပို့သည့် ဂျပန်ကုမ္ပဏီများ အကျုံးဝင်မှုမရှိသဖြင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်
24htopnews | December 10, 2024 9:12 PM CST

အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများ ကြိုတင်ပေးပို့သည့် ဂျပန်ကုမ္ပဏီများ အကျုံးဝင်မှုမရှိသဖြင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် ကုမ္ပဏီ ၂၀၇ ခု၏ စာရင်းအား ပူးတွဲပါထုတ်ပြန်ချက် (48/2024) အနေဖြင့် ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြပါရှိသည့် ကုမ္ပဏီများအနေဖြင့် Demand Letter စိစစ်နိုင်ရန်အတွက် သက်ဆိုင်ရာ အချက်အလက်များကို မြန်မာသံရုံး၊ တိုကျိုမြို့၏ ဖော်ပြပါလိပ်စာသို့ လိပ်မူ၍ စာတိုက်မှတစ်ဆင့် ပေးပို့ပေးရန်ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါပေးပို့ရမည့် လိပ်စာများမှာ Labour Section၊ Myanmar Embassy,Tokyo နှင့် 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001 တို့ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာသည့် စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများသည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်းနှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။


READ NEXT
Cancel OK