မွန်ပြည်နယ်၌ နှစ်ရက်အတွင်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာမှ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၇ ရက်ည ၁၁ နာရီအချိန်ခန့်က မွန်ပြည်နယ် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အောင်မင်္ဂလာ ၂ လမ်းနေ ဒေါ်စုစုဝင်း ဆိုသူ၏နေအိမ်ရှိ ဘုရားစင်တွင် ဖယောင်းတိုင်မီးထွန်းညှိပူဖော်ထားရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမီးလောင်မှုကြောင့် အလျား ၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တစ်ထပ်ခြေတံရှည်နေအိမ် ၁ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က မွန်ပြည်နယ်ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဈေးအနီးရှိ ဦးလှတင်ဆိုသူ၏နေအိမ်မှ စတင်ကာမီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ၎င်းနေအိမ်၏ခြေရင်းဘက်ရှိ ဒေါ်မြစိန်ဆိုသူ၏နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မီးလောင်မှုစတင်ဖြစ်ပွားခဲ့တဲ့နေအိမ်ရဲ့ ခေါင်းရင်းအိမ်က အုတ်ခံတိုက်အိမ်ဖြစ်နေတော့ မီးကအဲ့ဒီဘက်ကို မကူးသွားဘူး။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံပြည်သူတွေ စုပေါင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့လည်း နောက်ထပ် နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းမှု မဖြစ်ခဲ့တာပါ။ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်မှာတော့ မီးငြိမ်းသွားပါတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
မီးလောင်မှုတင်ဖြစ်ပွားခဲ့သည့် ဦးလှတင် ဆိုသူ၏နေအိမ်အတွင်း လျှပ်စစ်ဝါယာကြိုးများအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ယူဆထားကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန နှင့် နီးစပ်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
