ဗန်းမော်မြို့မှ စစ်ဘေးရှောင်များ နေ့စဉ်ထွက်ပြေးလျက်ရှိပြီး နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရကြောင်း စစ်ဘေးရှောင်အချို့၏ ပြောကြားချက်အရ သိရသည်။
ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၄ ရက်မှစတင်ကာ KIA နှင့်ပူးပေါင်းအဖွဲ့က မြို့စောင့်တပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ခံများသည် နေ့စဉ်မြို့မှ ထွက်ပြေးနေကြဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်၊ ၇ ရက်တို့တွင် ဗန်းမော်မြို့မှ တိမ်းရှောင်သူများသည် ရေလမ်းနှင့် ညောင်ပင်သာလမ်းပိုင်းကိုသာ ထွက်ပေါက်ရှိခဲ့ပြီး နောက်ရက်များတွင် ကုန်းလမ်းပိုင်းကိုလည်း အသုံးပြုနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
“ကျွန်တော်တို့က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထွက်တယ်။ မြို့ထဲမှာ သိမ်တော်ကြီးနှင့် အခြားဘုန်းကြီးကျောင်းတွေမှာ ခိုတာကျန်တယ်။ မြို့ထဲမှာမကျန်တော့ဘူး။ သူခိုးတွေကလည်း ကိုယ်အိမ်လို သဘောထားပြီး သယ်နေကြပြီ။ မြို့ခံတွေက မိုင်းကာ၊ကျွန်းကြီးတွေ ဟိုဘက်ကမ်းကို ပြေးကြတယ်။ မြစ်ကြီးနား၊မန်းလေးလည်း ပြေးတယ်။ မိုးညှင်းလည်း ပြေးတယ်။ တာပိန်မြစ်ကြောင်း လမ်းဘေးကနေ လွယ်ဂျယ်၊ လိုင်ဇာဘက် ပြေးကြတာလဲရှိတယ်။ အောက်ချောင်းကနေ မန်ဝိန်းကြီးဘက် ထွက်တဲ့အဖွဲ့လည်းရှိတယ်။ မန်းလေးသွားတဲ့ လမ်းဘေးမှာလည်း ဒုက္ခသည်တွေချည်းပဲ။ အစစ်အဆေးများတယ်။ ကျွန်တော့်အစ်မတွေက ၆ ရက်နေ့က ပြေးတာ။ မန်းလေးရောက်သွားပြီ။ ဗန်းမော်မြို့က နောင်ဆယ်နှစ်လောက် ပြန်ထူထောင်ဖို့မလွယ်တော့ဘူး။ လားရှိုးလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းနေရတယ်” ဟု ဆိုသည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ရေကြောင်းခရီး စက်လှေခမှာ လေးဆခန့် တက်သွားကြောင်း ထွက်ပြေးခဲ့သူများက ပြောကြားသည်။
“အရင် ငါးထောင်က အခုက သုံးသောင်းလောက် ဖြစ်သွားတယ်။ စက်လှေတွေကို သုံးလေးသိန်းပေးပြီး စင်းပြတ် ငှားသူတွေလည်းရှိတယ်။ စောင့်ရတာကို လေးငါးနာရီကြာတာ။ အချို့ မိကွဲ၊ ဖကွဲကို ပြေးကြတာ” ဟု ကသာသို့ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦးက ပြောကြားသည်။
ဗန်းမော်မြို့သည် ၂၀၂၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းတစ်သောင်းကျော် နေထိုင်ပြီးတိုက်ပွဲများ မဖြစ်ခင်တွင် မိုးမောက်၊ မံစီ၊ အောက်ချောင်းကျေးရွာ ဒေသများမှ လူဦးရေသောင်းနှင့်ချီ လာရောက်ခိုလှုံနေခြင်းဖြစ်သည်။
KIA၊PDF၊ AA ပူးပေါင်းအဖွဲ့များက အောက်ချောင်းဒေသကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ခိုက်သိမ်းပိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များ ထောင်ချီသည်လည်းကောင်း၊ မိုးမောက်မြို့နှင့် မံစီမြို့တို့ကို KIA က တိုက်ခိုက်ခဲ့သည့်အတွက် ယင်းမြို့ခံများသည်လည်းကောင်း ဗန်းမော်မြို့သို့ ရောက်ရှိမှီခိုနေရခြင်းဖြစ်ပြီး ယခုထပ်မံ၍ ဗန်းမော်တွင် တိုက်ပွဲများဖြစ်ပွားလာသဖြင့် အဆိုပါစစ်ဘေးရှောင်များအပြင် ဗန်းမော်မြို့ခံများပါ မြို့မှထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
