Top News

စပိန်ဘုရင့်ဖလား (၃၂)သင်းအဆင့်အတွက် မဲခွဲပွဲပြုလုပ်ခဲ့ပြီး စတုတ္ထတန်းမှ ကလပ်အသင်းများနှင့်သာ ရီးယဲလ်နှင့် ဘာစီလိုနာ ဆုံတွေ့
24htopnews | December 10, 2024 6:12 PM CST

စပိန်ဘုရင့်ဖလား (၃၂)သင်းအဆင့်အတွက် မဲခွဲပွဲကို တနင်္လာနေ့က ပြုလုပ်ခဲ့ရာ လာလီဂါထိပ်သီးနှစ်သင်းဖြစ်သည့် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့သည် စတုတ္ထတန်းမှ ကလပ်အသင်းများနှင့်သာ ဆုံတွေ့ခဲ့ကြောင်း သိရသည်။

၂၀၂၅ စပိန်စူပါဖလားယှဉ်ပြိုင်ရမည့် ရီးယဲလ်၊ ဘာစီလိုနာ၊ ဘီလ်ဘာအိုနှင့် မာယော့ကာအသင်းတို့သည် ယခုအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး မဲခွဲရာ၌ ခေါင်အသင်းအဖြစ် သတ်မှတ်ခံရသည့်အပြင် ဆီဒင်အနိမ့်ဆုံးပြိုင်ဘက်များနှင့်သာ တွဲဖက်ပေးခဲ့ခြင်းဖြစ်သည့်အတွက် စတုတ္ထတန်းမှ အသင်းများနှင့်သာ ဆုံတွေ့ခဲ့ခြင်းလည်းဖြစ်သည်။

ရီးယဲလ်အသင်းက မင်နဲရာ၊ ဘာစီလိုနာအသင်းက ဘာဘက်စထရို၊ ဘီလ်ဘာအိုအသင်းက လိုဂရိုညက်စ်၊ မာယော့ကာအသင်းက ပွန်တေဗယ်ဒရာအသင်းများနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအသင်းများသည် (၃၂)သင်းအဆင့်သို့  ရောက်ရှိလာသည့် ကလပ်အသင်းများအနက် အနိမ့်ဆုံးအသင်းများဖြစ်သော်လည်း ပြီးခဲ့သည့်အဆင့်တွင် လာလီဂါအသင်းများကို အနိုင်ယူကာ ယခုအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စပိန်ဘုရင့်ဖလား (၃၂)သင်းအဆင့်တွင် လာလီဂါကလပ် (၁၆)သင်းသာကျန်ရှိတော့ပြီး ကျန်အသင်းများမှာ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းမှအသင်းများ ဖြစ်သည်။

(၃၂)သင်းအဆင့် ပွဲစဉ်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း  ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK