ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုသည် ယာဉ်တိုက်မှုကြောင့် ခြေထောက်အောက်ပိုင်း အရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး တစ်နှစ်ခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ဂျမေကာလက်ရွေးစင်ကစားသမား အန်တိုနီယိုသည် ဒီဇင်ဘာ ၇ ရက်က ပြင်းထန်သည့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် လန်ဒန်ဗဟိုဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူခဲ့ရသည်။
၎င်းမှာ ခြေထောက်အောက်ပိုင်း အရိုးကျိုးသွားသဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ဆေးရုံ၌ စောင့်ကြည့်ကုသမှု ခံယူရမည်ဖြစ်ကြောင်း ဝက်စ်ဟမ်းအသင်းက ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အန်တိုနီယိုအနေဖြင့် ၂၀၂၄-၂၅ ရာသီကုန်အထိ ပြန်ကစားရန် မဖြစ်နိုင်တော့သလို တစ်နှစ်ခန့် အနားယူခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း The Guardian သတင်းဌာနက ခန့်မှန်းဖော်ပြသည်။
အန်တိုနီယိုသည် ဝက်စ်ဟမ်းအသင်းအတွက် ၂၀၁၅-၁၆ မှ ယခုရာသီအထိ ၁၀ နှစ်အတွင်း ပြိုင်ပွဲစုံ ၃၂၃ ပွဲကစား၊ ၈၃ ဂိုးသွင်းယူပေးထားသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
