လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဖလားလေးလုံးချန်ပီယံဖြစ်ရန် ဖြစ်နိုင်ခြေအလွန်နည်းသော်လည်း ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း စပါးအသင်းနှင့်သရေကျ သည့်ပွဲအပြီးတွင် ပြောကြားသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ အဖြစ် စနေနေ့ ညပိုင်းက စပါးအသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေ ကျခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ အသာစီးရယူ၍ ဖိအားပေးနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့် ၂၂ အကြိမ်အထိ ရရှိသော်လည်း ၅၆ မိနစ်တွင် စပါးအသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်၏ ဦးဆောင်ဂိုးသွင်းယူမှုကြောင့် နောက်မှလိုက်ကစားခဲ့ရသည်။ ၇၄ မိနစ် တွင် လီဗာပူးလ်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်က အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းအနေဖြင့် ယခုပွဲရလဒ်ကြောင့် ပြိုင်ပွဲစုံခြောက်ပွဲဆက်နှင့် ပရီးမီးယားလိဂ် အိမ်ကွင်း ၁၂ ပွဲဆက် နိုင်ပွဲရရှိမှု ရပ်တန့်သွားခဲ့ရပြီး ယင်းပွဲအပြီးတွင် ၃၅ ပွဲကစား၊ ၂၅ ပွဲနိုင်၊ ရှစ်ပွဲသရေ၊ နှစ်ပွဲ ရှုံး၊ ရမှတ် ၈၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ရမှတ် ၃ မှတ်အထိ ကွာခြားသွားခဲ့သည်။
လီဗာပူးလ် အသင်းသည် ယခုရာသီလိဂ်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲထားပြီး ချန်ပီယံလိဂ်နှင့် FA ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ တက်ရောက်ထားသည်။ လီဗာပူးလ်အသင်းအနေဖြင့် ပြိုင်ပွဲလေးခုစလုံးတွင် ချန်ပီယံဆုရယူနိုင်ပါက အင်္ဂလန်ကလပ်များအနက် တစ်ရာသီအတွင်း ဖလားလေးလုံးရရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
သို့သော် စပါးအသင်းနှင့် သရေကျပြီးနောက် ယာဂန်ကလော့ပ်က "ခက်ခဲတဲ့ ပွဲစဉ်တစ်ခုပါ။ ဒါပေမဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ကစားခွင့်ရနိုင်တဲ့ ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ ကျွန်တော့် ချာတိတ်တွေပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် တကယ်ဝမ်းသာရပါတယ်။ သူတို့အသင်းက တန်ပြန်တိုက်စစ်အတွက် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတာပါ။ အဲဒါက မလွယ်ကူစေပါဘူး။ (၁-ဝ) ဂိုးနဲ့ ဦးဆောင်ခံရချိန်က ခက်ခဲပါတယ်။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ချေပဂိုးရဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ကစားသမားတွေက အဝတ်လဲခန်းထဲ ဝင်လာချိန်မှာ ခေါင်းတွေ အောက်ငုံ့နေကြတယ်။ အဲဒါက ပြင်းထန်ပါတယ်။ ထိပ်တန်းအသင်းတွေနဲ့ ကစားရတဲ့အခါ အဆုံးအဖြတ် အခိုက်အတန့်တွေမှာ ကံကြမ္မာ ကောင်းရဖို့ လိုအပ်ပါတယ်။ ကျွန်တော် မပျော်ရွှင်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကစားသမားတွေ ဝမ်းနည်းနေသလောက်တော့ မဖြစ်ပါဘူး။ ဒီလိုမျိုး တစ်ခုခုဖြစ်ရတဲ့အကြောင်း ရှင်းပြဖို့က ကျွန်တော့်အလုပ်ပါ။ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်က လုံး၀ အနားရထားတာပါ။ အဲဒါကြောင့် အရမ်းခက်တာပါ။ အဲဒါကြောင့်လည်း ဖလားလေးလုံးရဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တာပါ။ အဲဒါက ဒီနိုင်ငံမှာ ဘယ်အသင်းမှ ဖလားလေးလုံးမရဖူးတဲ့ အကြောင်းပြချက်တစ်ခုပါ။ ကျွန်တော်တို့ ရှေ့ ဆက်သွားမှာပါ" ဟု ပြောကြားသည်။
ထို့ပြင် မန်စီးတီးအသင်း လာမည့်ပွဲစဉ်များတွင် ခြေချော်လက်ချော်ဖြစ်မည်ဟု မထင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ "အဲဒီလိုဖြစ်မယ်လို့ ကျွန်တော်မမြင်မိဘူး။ ကွဲပြားတဲ့ပုံစံမျိုး တွေးဖြစ်မိအောင်လို့ ကိုယ့်ကိုယ်ကိုယ် သတိထားပေမဲ့ အဲဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ရှေ့ဆက်သွားမှာပါ။ မပင်ပန်းသေးပါဘူး" ဟု ကလော့ပ်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
