၂၀၂၁-၂၀၂၂ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းကို သောကြာနေ့ ညပိုင်းက ထုတ်ပြန်ရာ ကစားသမားစုစုပေါင်း ၁၅ ဦး ရွေးချယ်ခံခဲ့ရပြီး လီဗာပူးလ်အသင်းမှ ခြောက်ဦးဖြင့် အများဆုံးပါဝင်ကြောင်း သိရသည်။
အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်စာရင်းကို EA Sports FIFA ဂိမ်းကုမ္ပဏီနှင့် ပရီးမီးယားလိဂ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များက မဲပေးရွေးချယ်ထားသည်။ ဆန်ခါတင်စာရင်းတွင် ကစားသမားစုစုပေါင်း ၄၀ ပါဝင်ပြီး အပြီးသတ်စာရင်းကို ကစားသမား ၁၅ ဦးဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိက စိန်ခေါ်သူဖြစ်သည့် လီဗာပူးလ်အသင်းမှ ခြောက်ဦးဖြင့် အများဆုံးရွေးချယ်ခံခဲ့ရပြီး အယ်လစ်ဆန် (ဂိုး)၊ အလက်ဇန္ဒားအာနိုးလ်၊ ဗန်ဒိုက် (နောက်တန်း)၊ ဆာလာ၊ မာနေ၊ ဂျိုတာ (ရှေ့တန်း) တို့ ပါဝင်ကြောင်း သိရသည်။
ချန်ပီယံဆုကာကွယ်ရမည့် မန်စီးတီးအသင်းမှ ငါးဦးဖြင့် ဒုတိယအများဆုံးရွေးချယ်ခံရပြီး ဒီယက်စ်၊ ကန်ဆယ်လို (နောက်တန်း)၊ ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီဂို (အလယ်တန်း) တို့ ပါဝင်ခဲ့သည်။
ကျန်လေး နေရာအတွက် မန်ယူအသင်းမှ စီရော်နယ်လ်ဒိုနှင့် ဘရူနိုဖာနန်ဒက်စ်၊ စပါးအသင်းမှ ဆွန်ဟောင်မင်နှင့် ဝက်စ်ဟမ်းအသင်းမှ ဒက်ကလန်ရိုက်စ်တို့ ရွေးချယ်ခံခဲ့ရသည်။ EA Sports FIFA အနေဖြင့် အကောင်းဆုံးအသင်း ထုတ်ပြန်ရာတွင် FIFA 22 ဂိမ်းမှ Overall Rating အနည်းအများအလိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆာလာနှင့် စီရော်နယ်လ်ဒိုက Rating 97 ဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။
ထို့နောက် ဗန်ဒိုက်၊ ဒီဘရိုင်းနားနှင့် မာနေက Rating 96၊ ဒီယက်စ်၊ ဆွန်ဟောင်မင်၊ ကန်ဆယ်လိုနှင့် အယ်လစ်ဆန်က Rating 95၊ ဘာနာဒိုဆေးလ်ဗားက Rating 94၊ ဘရူနို ဖာနန်ဒက်စ်က Rating 93၊ အာနိုးလ်နှင့် ဒက်ကလန်ရိုက်စ်က Rating 92၊ ဂျိုတာက Rating 91 နှင့် ရိုဒရီဂိုက Rating 90 သတ်မှတ်ခံထားရသည်။
ယခုရာသီအကောင်းဆုံးစာရင်းထုတ် ပြန်ရာတွင် အငြင်းပွားမှုအချို့ရှိခဲ့ပြီး မန်ယူအသင်း၌ ခြေစွမ်းပြကစားနိုင်ရန် ရုန်းကန်နေရသည့် ဘရူနိုဖာနန်ဒက်စ် ပါဝင်ခြင်းအပေါ် မေးခွန်းထုတ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။ ၂၀၂၁-၂၀၂၂ ရာသီအတွက် FWA က ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာက ဆွတ်ခူးရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
