ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်သစ်ဖြစ်လာသော အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီဦးဆောင်သည့်အဖွဲ့သည် နွေရာသီပြင်ဆင်မည့် အစီအစဉ်များကို ယခုတစ်ပတ်အတွင်း ပရိသတ်များအား အသိပေးဖွယ်ရှိကြောင်း သိရသည်။
မေဂျာလိဂ်ဘေ့စ်ဘောကလပ် LA ဒေါ့ဂျာအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သော တော့ဒ်ဘိုလီ ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းစုသည် ချယ်လ်ဆီးအသင်းကို ပေါင်(၄.၂၅)ဘီလီယံဖြင့် ဝယ်ယူခွင့်ရခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ချယ်လ်ဆီးအသင်း၏ ရှယ်ယာများအား ဝယ်ယူခြင်းအတွက် ပေါင်(၂.၅)ဘီလီယံ ပေးချေရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် ပေါင်(၁.၇၅)ဘီလီယံ သုံးစွဲရမည်ဖြစ်သောကြောင့် စုစုပေါင်း ပေါင်(၄.၂၅)ဘီလီယံရှိခဲ့ခြင်းဖြစ်သည်။
ပေါင်(၂.၅)ဘီလီယံမှာ ဗြိတိန်အစိုးရထိန်းချုပ်ထားသည့် ဘဏ်အကောင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် ပြောကြားထားသည့်အတိုင်း ရန်ပုံငွေအဖွဲ့ အစည်းများထံ လှူဒါန်းသွားမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမည့် ပေါင်(၁.၇၅)ဘီလီယံမှာမူ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၊ လူငယ်အကယ်ဒမီ၊ အမျိုးသမီးအသင်းနှင့် ချယ်လ်ဆီးဖောင် ဒေးရှင်းတို့အတွက်လည်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းက တော့ဒ်ဘိုလီ နှင့်အဖွဲ့ထံ ရောင်းချမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်သော်လည်း ခွင့်ပြုချက်များ ရရှိရန် လိုအပ်နေသေးသောကြောင့် မေလကုန်မှသာ အရောင်းအဝယ်အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
သို့သော် ပိုင်ရှင်သစ် တော့ဒ်ဘိုလီသည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးနှင့် ဝုလ်ဗ်အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့သလို၊ နွေရာသီပြင် ဆင်မည့်အစီအစဉ်များကိုလည်း ယခုတစ်ပတ်အတွင်း အသိ ပေးထုတ်ပြန်သွားဖွယ်ရှိကြောင်း Daily Mail က သုံးသပ်ဖော်ပြခဲ့သည်။
တော့ဒ်ဘိုလီသည် မကြာမီ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်အပါအဝင် နည်း ပြအဖွဲ့များ၊ ကစားသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နွေရာသီ၌ အသုံးပြုမည့် ဘတ်ဂျက်ပမာဏနှင့် ခေါ်ယူလိုသည့် ကစားသမားသစ်များကို ထုတ်ပြန်လိမ့်မည်ဟု Daily Mail က ဆိုခဲ့သည်။
ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ကစားသမားများစွာ ရှိနေသောကြောင့် ပိုင်ရှင်သစ်များလက်ထက်တွင် အပြောင်းအလဲများစွာကို မြင်တွေ့ရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
