၂၀၂၁-၂၂ ဘောလုံးရာသီ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းက ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီး (၃)နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၀ ခုနှစ်တွင်မှ စတင်ကျင်းပခဲ့သည့် အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ချယ်လ်ဆီးအသင်းက ပထမဆုံး (၃)နှစ်ဆက်ဗိုလ်စွဲနိုင်သည့်အသင်း ဖြစ်လာပြီး ယခင်က အများဆုံး(၂)နှစ်ဆက်သာ ဗိုလ်စွဲထားခဲ့သည်။
ယခုရာသီ အမှတ်ပေးချန်ပီယံဆုမှာ ရာသီပိတ်ပွဲစဉ်မှသာ အဖြေပေါ်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းက မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ပွတ်ကာသီကာဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
ရာသီပိတ်ပွဲစဉ်မတိုင်မီ ချယ်လ်ဆီးအသင်းက (၅၃)မှတ်၊ အာဆင်နယ်အသင်းက (၅၂)မှတ် အသီးသီးရရှိထားပြီး နောက်ဆုံးပွဲစဉ်များတွင် ချယ်လ်ဆီးအသင်းက မန်ယူအသင်းကို (၄-၂)ဂိုး၊ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို (၂-၀)ဂိုးတို့ဖြင့် အနိုင်ရခဲ့သောကြောင့် တစ်မှတ်အသာဖြင့်ပင် ဗိုလ်စွဲနိုင်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းအား ပထမပိုင်းတွင် (၁-၂)ဂိုးဖြင့် အရေးနိမ့်နေရာမှ ဒုတိယပိုင်းတွင် ဆမ်ကား၏ သွင်းဂိုးနှစ်ဂိုးအပါအဝင် (၃)ဂိုးဆက်တိုက်သွင်းကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
ချန်ပီယံ ချယ်လ်ဆီးအသင်းအနေဖြင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အာဆင်နယ်အသင်းက ဒုတိယအဆင့်၊ တတိယရသည့် မန်စီးတီးအသင်းက ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
အမှတ်ပေးဇယားအောက်ဆုံးမှ ဘာမင်ဂမ်အသင်းမှာ ချန်ပီယံရှစ်သို့ တန်းဆင်းရပြီး ချန်ပီယံရှစ်ချန်ပီယံ လီဗာပူးလ်အသင်းမှာ အစောပိုင်းကတည်းက တန်းတက်ခွင့်ရထားခဲ့သည်။
ဂိုးသွင်းဘုရင်ဆုကို ချယ်လ်ဆီးအသင်းမှ ဆမ်ကားက သွင်းဂိုး (၂၀)ဂိုးဖြင့် ဆွတ်ခူးနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်မေလ(၁၅)ရက်တွင် FA ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အအောင်မြင်ဆုံးအသင်းများ
အသင်း ချန်ပီယံ ဒုတိယ
ချယ်လ်ဆီး ၆ ၂
အာဆင်နယ် ၃ ၁
လီဗာပူးလ် ၂ ၀
မန်စီးတီး ၁ ၅
ဘာမင်ဂမ် ၀ ၂
ဘရစ္စတိုးလ် ၀ ၁
(အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲကို ၂၀၁၀-၁၁ ဘောလုံးရာသီမှ စတင်ကျင်းပခြင်းဖြစ်ပြီး ချန်ပီယံအသင်း ၄ သင်းသာ ထွက်ပေါ်ထားသည်။)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
