Top News

ပထမဆုံးပရီးမီးယားလိဂ်ဖလားရရှိခဲ့သည့် (၁၀)နှစ်ပြည့်အမှတ်တရအဖြစ် တိုက်စစ်မှူးဟောင်း အဂွဲရိုးအား ရည်ညွှန်းဖန်တီးထားသည့်ဝတ်စုံကို မန်စီးတီးထုတ်လုပ်
24htopnews | December 10, 2024 4:12 PM CST

မန်စီးတီးအသင်းသည် ပထမဆုံးပရီးမီးယားလိဂ်ဖလားရရှိခဲ့သည့် (၁၀) နှစ်ပြည့်အမှတ်တရအဖြစ် တိုက်စစ်မှူးဟောင်း အဂွဲရိုးအား ရည်ညွှန်းဖန်တီးထားသည့်ဝတ်စုံကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၁၁-၁၂ ရာသီတွင် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက်မန်ယူအသင်းကို ဂိုးကွာခြားချက်အသာဖြင့် ကျော်ဖြတ်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ဆုံးပွဲစဉ်၌ QPR အသင်းကို အနိုင်ရရှိရန် အသည်းအသန်ကစားခဲ့ရပြီး အဂွဲရိုး သွင်းယူသည့် နာကျင်အချိန်ပိုဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဂွဲရိုးဂိုးသွင်းယူခဲ့သည့် (၉၃)မိနစ် (၂၀)စက္ကန့်ကို နောက်ကျော၌ ရေးထိုးထားသလို Aguerooooဟူသည့် စာသားနှင့်နံပါတ်(၁၀)လည်းပါဝင်ခဲ့သည်။

မန်စီးတီးအသင်းသည် အဆိုပါ ဝတ်စုံကို ပွဲမကစားမီ ဝတ်ဆင်ရသည့် ဝတ်စုံအဖြစ် ထုတ်လုပ်ကာ နယူးကာဆယ်နှင့်ပွဲမတိုင်မီ စတင်ဝတ်ဆင်ခဲ့သည်။

ယင်းဝတ်စုံကို အရေအတွက်အကန့်အသတ်ဖြင့်ထုတ်လုပ်ကာ မေ (၁၃)တွင် စတင်ရောင်းချပေးသွားမည်ဟု သိရသည်။


READ NEXT
Cancel OK