PSG အသင်းကို နာမည်ကျော်နည်းပြ ဇီဒန်း ကိုင်တွယ်နိုင်ခြေရှိကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌဖြစ်သူ လူဂရတ်က မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ၎င်းက မဝေးတော့သည့်အနာဂတ်တွင် PSG နည်းပြရာထူးကို ဇီဒန်း ရယူခဲ့လျှင်လည်း သူ့အနေဖြင့် အံ့အားသင့်လိမ့်မည်မဟုတ်ဟု ဝန်ခံခဲ့သည်။
ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ပြီးနောက် ၂၀၂၀-၂၁ ရာသီကုန်တွင် လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။
သို့သော် ဇီဒန်းအနေဖြင့် ဥရောပထိပ်တန်းကလပ်များ၏ပစ်မှတ်အဖြစ် အမြဲတမ်းရှိနေပြီး အသင်းကြီးတစ်သင်းကို မကြာမီအတွင်း ကိုင်တွယ်သွားဖွယ်ရှိသည်ဟု သုံးသပ်လျက်ရှိကြသည်။
ပြင်သစ်အသင်းတွင် ဒေးရွှမ့်၏နေရာကို အစားထိုးမည့်သူအဖြစ် ဇီဒန်းအား စဉ်းစားမည်လားဟု မေးမြန်းမှုကို လူဂရတ်က ''ခင်ဗျားပြောတာကို ကိုယ်တိုင် ဂရုစိုက်သင့်တယ်။ ဇီဒန်းဟာ သူ့အရည်အသွေးကို မက်ဒရစ်မှာ စိတ်ကြိုက်သက်သေပြပြီးပါပြီ။ ပြင်သစ်သားတွေရဲ့စိတ်ထဲမှာ သူဟာ ဆက်ခံသူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာက ကျွန်တော်တို့ရည်မှန်းချက် မဟုတ်သေးပါဘူး။ ဒီဒီယာ(ဒေးရွှမ့်)နဲ့ ကျွန်တော် လမ်းခွဲခဲ့ရရင်တော့ သူက ဖြစ်နိုင်ခြေထဲက တစ်ယောက်ဆိုတာ အသေအချာပါပဲ။ ဇီဒန်းဟာ PSG အသင်းကိုလည်း တာဝန်ယူနိုင်ပါတယ်။ သူ အသင်းလက်ကိုင်မရှိရင် ပြင်သစ်အသင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီဒီယာကို ကမ္ဘာ့ဖလားရဖို့ အရာအားလုံး ပံ့ပိုးပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
