Top News

လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်ရန် တန်ဟက်ဂ်၏ ကမ်းလှမ်းမှုကို ဖရက်ဒ်ရပ်တန် ငြင်းပယ်ခဲ့
24htopnews | December 10, 2024 4:12 PM CST

ရှော်လ်ကေးနှင့် PSV အပါအဝင် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြုံရင့် ဒတ်ချ်နည်းပြ ဖရက်ဒ်ရပ်တန်သည် မန်ယူနည်းပြသစ် တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က အန်ဒါလက်ချ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဖရက်ဒ်ရပ်တန်ကို မန်ယူအသင်းတွင် ၎င်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရန် တန်ဟက်ဂ်က ကမ်းလှမ်းခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖရက်ဒ်ရပ်တန် (၅၉ နှစ်)က ''အဲရစ်တန်ဟက်ဂ်က မန်ယူအသင်းမှာလက်ထောက်နည်းပြအဖြစ် ဆောင်ရွက်မလားလို့ မေးခဲ့ပြီး ကျွန်တော် ငြင်းခဲ့ပါတယ်။ လူတိုင်း ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ကျွန်တော် မိသားစုနဲ့၊ မြေးလေးနဲ့ပဲ ရှိနေချင်ပါတယ်။ ဒါကြောင့် ဒီကမ်းလှမ်းမှုက ကျွန်တော့်အတွက် အဆင်မပြေဘူးလို့ ခံစားရပါတယ်''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK