စပါးအသင်းနည်းပြ ပိုချက်တီနိုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရှုံးနိမ့်ပြီးနောက် လာမည့်ရာသီတွင် ဆက်လက်ကိုင်တွယ်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။
ပိုချက်တီနိုသည် ယင်းပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အနာဂတ်ရည်မှန်းချက်များအား ရှင်းလင်းစွာမသိရပါက လမ်းခွဲဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း ဗိုလ်လုပွဲသို့ ထပ်မံတက်ရောက်ခွင့်ရရန် ကြိုးပမ်းလိုကြောင်း အရိပ် အမြွက်ပြောကြားခြင်းဖြစ်သည်။
'' ဒီလိုအတွေ့အကြုံမျိုး ခံစားပြီးတဲ့အခါမှာ နောက်တစ်ကြိမ် ထပ်ခံစားချင်လာတယ်။ အနာဂတ်မှာလည်း ဒီလိုမျိုးထပ်ပြီးစွမ်းဆောင်နိုင်ဦးမယ် လို့ မျှော်လင့်ပါတယ်။ အခုအချိန်က စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမှာပါ။ ကျွန်တော်တို့ ဆွေးနွေးဖို့အတွက် အချိန်ယူသွားမှာပါ''ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဟာရီကိန်းအား ပွဲထွက်စာရင်း၌ အသုံးပြုခြင်းမှာ မိမိဆုံးဖြတ်ချက်ဖြစ်ပြီး ပွဲရလဒ်မှာ ၎င်းနှင့်မသက်ဆိုင်ဟု ပိုချက်တီနိုက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
