နယူးကာဆယ်အသင်းကို ဝယ်ယူရန်ကြိုးပမ်းနေသော ယူအေအီးစော်ဘွား ရှိတ်ခါလတ်သည် ချယ်လ်ဆီးနှင့် မန်ယူနည်းပြဟောင်း မော်ရင်ဟို (သို့မဟုတ်) အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးအား အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန်ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။
ရှိတ်ခါလတ်သည် နယူးကာဆယ် အသင်းကို ပေါင်သန်း(၃၅၀)ဖြင့် ဝယ်ယူရန် စီစဉ်နေပြီး အသင်းအားဝယ်ယူပြီးပါက နည်းပြဖြစ်သူ ဘင်နီတက်ဇ်နေရာတွင် အခြားနည်းပြတစ်ဦးကို အစားထိုးသွား မည်ဖြစ်ကြောင်း သိရသည်။
Mirror ၏ ဖော်ပြချက်အရ ရှိတ်ခါလတ် အလိုရှိနေသည့်နည်းပြမှာ မော်ရင်ဟို (သို့မဟုတ်) အာစင်ဝင်းဂါးဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့နှစ်ဦးမှာ beIN Sports ရုပ်သံတွင် ရုပ်သံဘောလုံးဝေဖန်သူများအဖြစ် ဆောင်ရွက်နေပြီး ပြီးခဲ့သည့်ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ဦး အတူသုံးသပ်ခဲ့သည်။
၎င်းတို့နှစ်ဦးအား အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ မော်ရင်ဟိုက ''ကျွန်တော်တို့ ဒီမှာရောက်ရှိနေတာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေအကြောင်း ပြောကြားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို ပြောဖို့ ရောက်ရှိနေတာပါ''ဟု ပြောကြားခဲ့သည်။
နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်၏ စာချုပ်မှာ ယခုဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေသည် ယနေ့အချိန်အထိ ဘင်နီတက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုသည့်ကိစ္စ မလုပ်နိုင်သေးဘဲ အသင်းအရောင်းအဝယ်ကိစ္စကိုသာ လုံးပန်း နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
