ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဆာလာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ရာသီအစကတည်းက ဆာလာကို ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ငြင်းပယ်ကာ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။
ယင်းအချိန်က ဆာလာ၏ပြောင်းရွှေ့ကြေးအတွက် လီဗာပူးလ်အသင်းက ပေါင်သန်း(၁၈၀)နှင့်အထက် အလိုရှိနေသောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်ဟု စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ထို့ပြင် AS က ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူနှင့် ဘွန်ဒစ်လီဂါထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းတို့မှလည်း ဆာလာအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု ရေးသားခဲ့သည်။
ချန်ပီယံဗိုလ်လုပွဲအပြီး အနာဂတ်အကြောင်းမေးမြန်းမှုကို ဆာလာက ယခုအချိန်တွင် သူ၏အနာဂတ်အကြောင်း မဖြေကြားနိုင်သေးဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရာသီအစောပိုင်းက ဆာလာနှင့်ပတ်သက်ပြီး ရီးယဲလ်နည်းပြ ဇီဒန်းက '' သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကို ရောမမှာရော အခု လီဗာပူးလ်မှာပါ သက်သေပြခဲ့ပါတယ်။ သူဟာ ငယ်ရွယ်သေးပြီး ဆက်လက်တိုးတက်နေတုန်းပါပဲ။ သူက ကျွန်တော် အမှန်တကယ် သဘောကျတဲ့ ကစားသမားတစ်ယောက်ပါ''ဟု သုံးသပ်ခဲ့ဖူးကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
