အေစီမီလန်အသင်း၏ နာမည်ကျော်နောက်ခံလူဟောင်း မာလ်ဒီနီသည် နည်းစနစ်ဒါရိုက်တာအဖြစ် အသင်းနှင့် ပြန်လည်လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေစီမီလန်အသင်းသည် လီယိုနာဒို နုတ်ထွက်သွားသောကြောင့် လစ်လပ်နေသည့် နည်းစနစ်ဒါရိုက်တာရာထူးအတွက် မာလ်ဒီနီအား ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မာလ်ဒီနီကလည်း လက်ခံခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်သည့် မာလ်ဒီနီသည် ဘောလုံးကစားခြင်းမှ အနားယူခဲ့ချိန်ကတည်းက နည်းပြလောကသို့ဝင်ရောက်ရန် ဆန္ဒမရှိကြောင်း ဝန်ခံခဲ့ဖူးသူဖြစ်ပြီး စီမံခန့်ခွဲမှုအပိုင်းကို အားသန်သူ ဖြစ်ကြောင်း သိရှိရသည်။
အေစီမီလန်အသင်းသည် ဆမ်ဒိုးရီးယားနည်းပြ ဂီယန်ပေါ်လိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီဟုလည်း သိရှိရသည်။
အေစီမီလန်အကယ်ဒမီထွက် မာလ်ဒီနီမှာ ကစားသမားသက်တမ်းတစ်လျှောက် အေစီမီလန်တစ်သင်းတည်းတွင်ကစားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။
မာလ်ဒီနီသည် အေစီမီလန်အသင်းနှင့်အတူ စီးရီးအေ (၇)ကြိမ်၊ ကိုပါအီတာလီယာ (၁)ကြိမ်၊ အီတလီစူပါဖလား (၅)ကြိမ်၊ ချန်ပီယံလိဂ် (၅)ကြိမ်၊ ဥရောပစူပါဖလား (၄)ကြိမ်၊ အင်တာကွန်တီနင်တယ်ဖလား (၂)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ဆွတ်ခူးခဲ့ဖူးသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
