ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၉ နှင့် ၂၀၂၀ တွင် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများကို ကာတာနိုင်ငံ၌ ပြုလုပ်သွားရန် တနင်္လာနေ့က ရွေးချယ်အ တည်ပြုလိုက်ကြောင်း သိရှိရသည်။
ဖီဖာသည် မူလက အိမ်ရှင်ရွေးချယ်မှုကို မတ်လအတွင်းပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်း၌ ဇွန်(၃) ရက်တွင် ပြုလုပ်မည့် ဖီဖာကောင်စီအစည်းအဝေးမှသာ ရွေးချယ်ကြေညာသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမည့်နိုင်ငံဖြစ်သောကြောင့် ကြိုတင်စမ်းသပ်မှုဖြစ်စေရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ဖီဖာသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် အသင်း (၂၄)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ်တိုးချဲ့ကျင်းပသွားရန် စီစဉ်ထားပြီး ၂၀၁၉ နှင့် ၂၀၂၀ ပြိုင်ပွဲများမှာ ယခင်ပုံစံအတိုင်းသာ ကျင်းပသွားမည့် နောက်ဆုံးပြိုင်ပွဲများလည်းဖြစ်သည်။
ထို့ကြောင့် ၂၀၁၉ နှင့် ၂၀၂၀ ပြိုင်ပွဲများတွင် အသင်း (၇)သင်းစီသာ ပါဝင်သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ပါဝင်ယှဉ်ပြိုင်ရမည့် အသင်း(၇)သင်းအနက် (၅)သင်းထွက်ပေါ်နေပြီဖြစ်သည်။
ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ဥရောပကိုယ်စားပြု ယှဉ်ပြိုင်သွားရမည် ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်သည်။
အိမ်ရှင်အဖြစ် ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သူ အယ်လ်သာဝါဒီက ''၂၀၁၉နဲ့ ၂၀၂၀ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲတွေကို ကျွန်တော်တို့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပါပြီ။ ဒါဟာ စိတ်လှုပ်ရှားစရာကောင်းသလို၊ ကျွန် တော်တို့အတွက် အရေးကြီးတဲ့စမ်းသပ်မှုတွေ ဖြစ်လာမယ် ဆိုတာလည်း သံသယဖြစ်စရာမရှိပါဘူး။ ရောက်လာတဲ့ ဧည့်သည်ပရိသတ်တွေအားလုံး ကျေနပ်စေရပါမယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
