ဇွန်လ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ပေါ်တူဂီနိုင်ငံတွင် ကျင်းပမည့် Nations League ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များ၌ VAR စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အတည်ပြုလိုက်သည်။
Nations League နောက်ဆုံးအဆင့်တွင် ဆီမီးဖိုင်နယ်(၂)ပွဲ၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း(၄)သင်းမှ နည်းပြများကို ဧပြီလကတည်းက ရှင်းလင်းပြသထားပြီးသားဖြစ်ကြောင်း သိရှိရသည်။
ယင်းအခြေအနေအပေါ် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ''ကမ္ဘာ့ဖလားတုန်းက VAR နဲ့ပတ်သက်တဲ့ အတွေ့အကြုံ ကောင်းတွေ ကျွန်တော်တို့မှာ ရှိထားပါတယ်။ ရာနှုန်းပြည့်မှန်ကန်မှုကို ရရှိနိုင်မှာမဟုတ်ပေမယ့် VAR စနစ်က ဒိုင်တွေကို ကူညီနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီစနစ်ကို ကျွန်တော် အကောင်းမြင်ပါတယ်''ဟု ပြောကြားခဲ့သည်။
UEFA သည် VAR စနစ်ကို ပြီးခဲ့သည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်များနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အသုံးပြုခဲ့သည်။
VAR အဖွဲ့သည် ဂိုးများ၊ ပယ်နယ်တီဧရိယာအတွင်း မတော်တဆမှုများ၊ အနီကတ်များ၊ သိသာထင်ရှားသည့် အမှားအယွင်းများအတွက် အဓိကစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
