စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည့် မြန်မာ့လက်ရွေးစင်အသင်းသည် ထိုင်းလိဂ်-၁ တွင် သွားရောက်ကစားနေသည့် ကစားသမား(၅)ဦးအပါအဝင် ကစားသမားအစုံအလင်ဖြင့် ဇွန် (၃)ရက်မှစ၍ လေ့ကျင့်မှုပြုလုပ် နေပြီဖြစ်ကြောင်း သိရသည်။
ဇွန် (၃) ရက်က ပြုလုပ်သည့် လေ့ကျင့်မှုအစီအစဉ်သို့ ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် သွားရောက်ကစားနေသည့် ဇော်မင်းထွန်း၊ ကျော်ကိုကို၊ အောင်သူ၊ စည်သူ အောင်နှင့် သန်းထက်အောင်တို့ (၅)ဦးစလုံး လာရောက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၂၀၁၉ ထိုင်းလိဂ်-၁ ပြိုင်ပွဲမှာ ပွဲစဉ် (၁၃) ပြီးဆုံး သွားပြီဖြစ်ပြီး ခေတ္တရပ်နားထားကာ ပွဲစဉ် (၁၄) ကို လာမည့် ဇွန် (၁၅) ရက်မှ သာ ပြန်လည်ကျင်းပမည်ဖြစ်သည်။
၂၀၁၉ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို (၄၇) ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပြိုင်ပွဲကြောင့် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကူရာရှာအို စသည့် အသင်း (၄) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်သည် စင်ကာပူလက်ရွေးစင်အသင်းနှင့်ကစားရမည့် ခြေစမ်းပွဲအ တွက် ပဏာမကစားသမား (၂၆) ဦးဖြင့် မေ (၂၇) ရက်ညပိုင်းက စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ ပဏာမကစားသမား (၂၆) ဦးစာရင်းတွင် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ သွားရောက်ကစားနေသည့် ကျော်ကိုကို၊ အောင်သူ၊ ဇော်မင်းထွန်း၊ စည်သူအောင်နှင့် သန်းထက်အောင်တို့ (၅) ဦးစလုံး ပါဝင်လာသလို ပြည့်လျှံအောင်၊ ရန်နိုင်အောင်၊ ဇော်လင်းနှင့် ချမ်းငြိမ်းတို့ (၄) ဦးမှာလည်း ပဏာမလက်ရွေးစင်ကစားသမားများအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံထားရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူအသင်းသည် ဇွန် (၁၁) ရက်တွင် စင်ကာပူနိုင်ငံ၌ ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာနှင့် စင်ကာပူအသင်းတို့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန် (၆)ရက်က စင်ကာပူနိုင်ငံ ၌ ခြေစမ်းပွဲအဖြစ် နောက်ဆုံးယှဉ်ပြိုင်ထားပြီး (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။
ပဏာမ မြန်မာ့လက်ရွေးစင်အသင်း
ဂိုး-ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး(ဧရာဝတီ)၊ နိုင်ဇေယျာထွန်း(ဇွဲကပင်)၊ ပြည့်လျှံအောင်(ရတနာပုံ)၊ နောက်တန်း-ဇော်မင်းထွန်း(ချောင်ဘူရီ)၊ စိုးမိုးကျော်၊ ဇော်လင်း(ဧရာဝတီ)၊ ဒေးဗစ်ထန်း၊ နန္ဒကျော်(ရှမ်း)၊ ပြည့်ဖြိုးဇော်(ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ သိန်းသန်းဝင်း(ရတနာပုံ)၊ ချမ်းငြိမ်း(ရခိုင်)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင်(ရန်ကုန်)၊ လှိုင်းဘိုဘို၊ ရဲကိုဦး(ရတနာပုံ)၊ အောင်လှိုင်ဝင်း(စစ်ကိုင်း)၊ ရန်နိုင်အောင်(ဟံသာဝတီ)၊ ဆောင်လမန်(ရှမ်း)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်^ရန်ကုန်)၊ အောင်သူ(မြောင်တောင်^ရတနာပုံ)၊ စည်သူအောင်(ချောင်ဘူရီ^ရတနာပုံ)၊ သန်းထက်အောင်(ဆာမတ်ဆာ ခွန်^ ဇွဲကပင်)၊ ဇင်မင်းထွန်း(ရှမ်း)၊ ဝင်းနိုင်စိုး(ရတနာပုံ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
