လာမည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် ဦးစားပေး (၁) (Pot 1) တွင် အင်္ဂလန်ကလပ်သုံးသင်း အထိပါဝင်နေကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်အုပ်စုရှစ်ခုအတွက် Pot တစ်ခုတွင် ရှစ်သင်းစီထားရှိမည်ဖြစ်ပြီး ဦးစားပေး (၁) ဖြစ်သည့် Pot 1 တွင် ချန်ပီယံလိဂ်ပြိုင် ပွဲ၏ လက်ရှိချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံနှင့် လိဂ်အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ပြိုင်ပွဲ ခြောက်ခု၏ ချန်ပီယံအသင်းများအား ပါဝင် ခွင့်ပြုထားသည်။
သို့ဖြစ်ရာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် လီဗာပူးလ်၊ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီး၊ လာလီဂါချန်ပီယံ ဘာစီလိုနာ၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး၊ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်၊ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်၊ လီဂူး ချန်ပီယံ PSG နှင့် ရုရှားပရီးမီးယားလိဂ်ချန်ပီယံ ဇင်းနစ်အသင်းတို့ Pot 1 တွင် ပါဝင်နေကြောင်း သိရသည်။
Pot 2 တွင် ရီးယဲလ်၊ အက်သလက်တီကို၊ စပါး၊ ဒေါ့မွန်၊ နာပိုလီ၊ ရှက်တာဒိုးနက်အသင်းတို့ပါဝင်နေပြီး အေဂျက်စ်နှင့် ပေါ်တိုအသင်းမှာမူ ခြေစစ်ပွဲအောင်မြင်ပါက Pot 2 တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။
အုပ်စုအဆင့်အတွက် ဆီဒင်သေချာသည့်အသင်းများ
Pot 1 - လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်
Pot 2 - ရီးယဲလ်၊ အက်သလက်တီကို၊ စပါး၊ ဒေါ့မွန်၊ နာပိုလီ၊ ရှက်တာဒိုးနက်
Pot 3 - လေဗာကူဆင်၊ ဆာလ်ဇ်ဘာ့ဂ်၊ ဗလင် စီယာ၊ အင်တာမီလန်
Pot 4 - အတ္တလန္တာ၊ လိုင်လီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
