Top News

အင်္ဂလန်ကလပ်နှစ်သင်း ပထမဆုံးယှဉ်ပြိုင်ရမည့် ဥရောပစူပါဖလားပြိုင်ပွဲ အစ္စတန်ဘူလ်၌ သြဂုတ် ၁၄ ရက် ကျင်းပမည်
24htopnews | December 10, 2024 9:12 AM CST

အင်္ဂလန်ကလပ် လီဗာပူးလ်နှင့် ချယ်လ် ဆီးအသင်းတို့ ယှဉ်ပြိုင်ရမည့် ဥရောပစူပါဖလားပြိုင်ပွဲကို သြဂုတ် ၁၄ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲနှစ်ခုစလုံးမှာ All English Final ဖြစ်ခဲ့သောကြောင့် ဥရောပစူပါဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန်ကလပ်နှစ်သင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ယခုနှစ် ဥရောပ စူပါဖလားပြိုင်ပွဲကို သြဂုတ် ၁၄ ရက်တွင် အစ္စတန်ဘူလ်မြို့ရှိ ဘက်ဆစ်တက်အသင်း၏ Vodafone Park ကွင်း၌ ကျင်းပမည်ဖြစ် ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် လီဗာပူးလ်အသင်းနှင့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲထားသည့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ယခင်က ဥရောပစူပါဖလားပြိုင်ပွဲ၌ ငါးကြိမ်ယှဉ်ပြိုင်ဖူးပြီး ၁၉၇၇၊ ၂၀၀၁ နှင့် ၂၀၀၅ ခုနှစ်တွင် သုံးကြိမ်ဗိုလ်စွဲကာ ၁၉၇၈ နှင့် ၁၉၈၄ ခုနှစ်တွင်မူ ရှုံးနိမ့်ထားသည်။

ချယ်လ်ဆီးအသင်းမှာလည်း ယခုပြိုင်ပွဲ၌ သုံးကြိမ်ယှဉ် ပြိုင်ဖူးပြီး ၁၉၉၈ ခုနှစ် တစ်ကြိမ်သာ ချန်ပီယံ ဆုရရှိကာ ၂၀၁၂ နှင့် ၂၀၁၃ နှစ်ကြိမ်ဆက် တိုက် ရှုံးနိမ့်ထားကြောင်း သိရသည်။

ဥရောပစူပါဖလားပြိုင်ပွဲတွင် နိုင်ငံတူ အဖြစ် အီတလီနှင့် စပိန်ကလပ်များသာ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၉၀ ပြည့်နှစ်တွင် အေစီမီလန် နှင့် ဆမ်ဒိုးရီးယား၊ ၁၉၉၃ ခုနှစ်တွင် အေစီ မီလန်နှင့် ပါးမား၊ ၂၀၀၆ ခုနှစ်တွင် ဆီဗီလာ နှင့် ဘာစီလိုနာ၊ ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်မက် ဒရစ်နှင့် ဆီဗီလာ၊ ၂၀၁၅ ခုနှစ်တွင် ဘာစီ လိုနာနှင့် ဆီဗီလာ၊ ၂၀၁၆ ခုနှစ်တွင် ရီးယဲလ် မက်ဒရစ်နှင့် ဆီဗီလာ၊ ၂၀၁၈ ခုနှစ်တွင် အက် သလက်တီကိုနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့ ဆုံတွေ့ဖူးကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် ဘာစီလိုနာနှင့် အေစီမီလန်အသင်းက ချန်ပီယံဆု ငါးကြိမ်စီဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး ရီးယဲလ်အသင်းက လေးကြိမ်၊ လီဗာပူးလ်နှင့် အက်သလက်တီကို က သုံးကြိမ်စီ ဗိုလ်စွဲထားသည်။

ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲ ခဲ့သည့် လီဗာပူးလ်အသင်းအနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) သည် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ပြောင်းလဲကျင်းပရန် စီစဉ်ထားသောကြောင့် ယခုနှစ်တွင် မကျင်းပခြင်းဖြစ်သည်။


READ NEXT
Cancel OK