စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အုမ္မကျေးရွာနှင့် ညောင်လှကျေးရွာကြားတွင် အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းက ချင်းတွင်းမြစ်အတွင်း တန်ချိန်ပေါင်း ၂၈ တန် သယ်ဆောင်လာသည့် ကုန်တင်ရေယာဉ်တစ်စင်းသည် လှိုင်းဒဏ်ကြောင့် ခါးညွတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း အုမ္မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနန်းဦးက ပြောကြားသည်။
အဆိုပါ ကုန်တင်ရေယာဉ် ခါးညွှတ်ကျမှုနှင့် ပက်သက်၍ ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာကြသည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
“အုမ္မရွာနဲ့ ညောင်လှရွာကြားက ချင်းတွင်းထဲမှာပါ။ မှောက်တာ မဟုတ်ဘူး။ ကုန်တင်မော်တော်ယာဉ်နဲ့ ရေလှိုင်းဒဏ်ကြောင့် ခါးညွှတ်ကျသွားတာ။ ဖြစ်တာက နေ့ခင်း ၁ နာရီလောက်ပါ။ ခါးညွှတ်ကျတဲ့ ကုန်တင်ရေယာဉ်ကတော့ နန်းတော်ဝင် ကုန်တင်ရေယာဉ်ပါ။ မောင်းနေရင်းနဲ့ ဖြစ်သွားတာ။ အခုတော့ ကမ်းကိုကပ်ထားပြီးပြီ။ လူကတော့ ထိခိုက်သေဆုံးမှု မရှိဘူး” ဟု ကနီမြို့နယ် အုမ္မကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းဦးက ပြောကြားသည်။
နန်းတော်ဝင် ကုန်တင်ရေယာဉ်ပေါ်တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်းလိုက်လာခဲ့ကြကြောင်း ယင်းငါးဦးစလုံး သေဆုံးထိခိုက်မှု မရှိခဲ့ကြောင်း ချင်းတွင်းမြစ်အတွင်း ခါးညွှတ်ကျမှုဖြစ်ပွားခဲ့သည့် နန်းတော်ဝင် ကုန်တင်ရေယာဉ်အား အုမ္မကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းစပ်တွင် ဆိုက်ကပ်နိုင်ခဲ့ကြောင်း နန်းတော်ဝင် ကုန်တင်ရေယာဉ်ပေါ်တွင် ကုန်တန်ချိန်ပေါင်း ၂၈ တန် တင်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က ကနီမြို့နယ် ကင်းကျေးရွာအုပ်စု မိချောင်းတွင်းကျေးရွာအနီးတွင် အောင်စိုးမိုးကျော် (၂) အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်မှုကြောင့် လူအများအပြား သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
