ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း မိုးကြက်သွန်စိုက်တောင်သူများ ယခုနှစ် စိုက်ပျိုးရာသီတွင် ပျိုးပင်စျေးကြီးမြင့်မှုကြောင့် စိုက်ပျိုးစရိတ် မြင့်တက်နေပြီး လက်ရှိစျေးကွက်တွင်လည်း စျေးနှုန်းကျဆင်းနေကြောင်း တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ယခင်နှစ်များတွင် ကြက်သွန်ပျိုးပင် တစ်ပိဿာ ကျပ် ၂၅၀၀ သာ ပေါက်စျေးရှိသော်လည်း ယခုနှစ်စိုက်ပျိုးရာသီတွင် စိုက်ပျိုးသူများခြင်းနှင့် အခြားဒေသများမှပါ လာရောက်ဝယ်ယူခြင်းများကြောင့် တစ်ပိဿာ ကျပ် ၄၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မြစ်ရေဝင်ကျွန်းမြေများမှာ ရေဖုံးလွှမ်းချိန် နည်းပါးခဲ့သည့်အတွက် တောင်သူများ စိုက်ပျိုးချိန် ပုံမှန်ထက်ဆောလျင်ခဲ့ပြီး မြေသြဇာဖြည့်သွင်းရမှုမှာလည်း ယခင်နှစ်များထက် များပြားသည့်အတွက် စိုက်ပျိုးစရိတ် မြင့်တက်လာကြောင်း သိရသည်။
“ဒီနှစ်က မြစ်ရေ စောစောစီးစီး ကျသွားတယ်။ အဲဒီအတွက် ကျွန်တော်တို့ စောပြီးစိုက်နိုင်ခဲ့တယ်။ ဒါပေမဲ့ စိုက်ပြီးတဲ့အချိန်မှာ မိုးက တစ်ပတ်လောက် ရက်ရှည်ရွာတဲ့အတွက် အပင်ဖြစ်မှာ သွားထိခိုက်တယ်။ တချို့ အပင်ထိပ်ဖျားတွေမည်းပြီး ရောဂါဝင်တာကြောင့် ပိုးသတ်ဆေး သုံးရတယ်။ ဒီနှစ် ပိုးသတ်ဆေးစျေးကလည်း အရင်နှစ်တွေထက် တက်တယ်။ ပျိုးပင်ကလည်း စစ်ကိုင်းဘက်ကပါ လာဝယ်တော့ ပျိုးပင်စျေးတွေတက်ပြီး စိုက်ပျိုးစရိတ် မြင့်တယ်။ ကြက်သွန်ပေါ်ချိန်မှာ လက်ရှိစျေးထက်မြင့်လာမှ အဆင်ပြေမယ်” ဟု ရေစကြိုမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ကိုဘိုညီက ပြောကြားသည်။
မြစ်ရေဝင် ကျွန်းမြေများမှထွက်ရှိသည့် မိုးကြက်သွန်များမှာ လာမည့်ဇန်နဝါရီလမှသာ စျေးကွက်အတွင်း စတင်ဝင်ရောက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးစရိတ် များပြားခြင်းကြောင့် တစ်ပိဿာ ကျပ် ၁၅၀၀ ဝန်းကျင်ရရှိမှသာ တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယောချောင်ဒေသထွက် ကြက်သွန်နီများ ယခုအောက်တိုဘာအထိ ဆက်လက် ဝင်ရောက်နေဆဲဖြစ်ပြီး နယ်စုံဝယ်လက်နည်းပါးသွားသည့်အတွက် တစ်ပိဿာ အမြင့်ဆုံး ကျပ် ၉၀၀ သာ ပေါက်စျေးရှိတော့ကြောင်း သိရသည်။
“လက်ရှိတော့ စျေးကွက်ထဲ တစ်နေ့ကို ပိဿာချိန် သောင်းဂဏန်းတော့ ဝင်တယ်။ နယ်စုံ ဝယ်လက်တွေလည်း အမှာက သိသိသာသာ လျော့သွားတယ်။ ကုန်ဝင်နည်းပေမဲ့ အဝယ်နည်းတော့ စျေးပြန်ကျသွားတယ်။ ဒါပေမဲ့ ရာသီအစစျေးနှုန်း တစ်ပိဿာ ကျပ် ၆၀၀ ထက်စာရင် အများကြီးတော်သေးတယ်။ ယောချောင်း ကြက်သွန်ကုန်ချိန်မှာ မိုးကြက်သွန်သစ် စပေါ်ပြီ။ ကြက်သွန်စျေးကတော့ ဝယ်လက်ကောင်းရင် ကောင်းသလိုပါပဲ” ဟု ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပိဿာချိန် လေးသောင်းကျော် ဝင်ရောက်သည့် ယခု အောက်တိုဘာ ၁၈ ရက် ပခုက္ကူကြက်သွန်နီစျေးကွက်တွင် ဂျွန်ကြီး တစ်ပိဿာ ၉၂၅ ကျပ်၊ ဂျွန်လတ် တစ်ပိဿာ ၈၇၅ ကျပ်နှင့် ဂျွန်သေးတစ်ပိဿာ ကျပ် ၈၀၀ ပေါက်စျေးရှိကြောင်း သိရသည်။
ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ မင်းတိုင်ပင်နယ်မှ ကြက်သွန်များနှင့် ပေါက်မြို့နယ်၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်များမှ ထွက်ရှိသည့် ကြက်သွန်များ ဝင်ရောက်ပြီး မြန်မာနိုင်ငံအနှံ့ မြို့များနှင့် နယ်စပ်ဒေသများအထိ တင်ပို့ရောင်းချကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြက်သွန်ရောင်းဝယ်ရေးရာသီတွင် ကြက်သွန်စျေး တစ်ပိဿာ ကျပ် ၃၀၀၀ အထိ စျေးနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် တောင်သူများ အကျိုးအမြတ်ရှိခဲ့ပြီး ပခုက္ကူစျေးကွက်သို့ ပိဿာချိန် သိန်း ၁၀၀ ခန့် ဝင်ရောက်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
