ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်း ခွင့်ပြုဦးရေ ၄၃၃၇ ဦးအနက် ဝန်ထမ်း ၁၇၄၀ သာ ခန့်ထားနိုင်ပြီး လူဦးရေ ၂၅၉၇ ဦး လစ်လပ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်းရှိစေရန် အထူးကုဆရာဝန် ၂၁ ဦး အပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ကျော် တိုးမြှင့်ခန့်ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ အထူးကုဆရာဝန် ၂၁ ဦး၊ လက်ထောက်ဆရာဝန် ၂၂ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမကြီး သုံးဦး၊ အထက်တန်းသူနာပြု ငါးဦး၊ သူနာပြု ၁၀ ဦး၊ သားဖွားဆရာမ ၁၃၀၊ ဓာတ်ခွဲကျွမ်းကျင် ၁၂ ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ၂၀၀ တို့ကို ဖြည့်တင်း ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအဝင် အခြားလစ်လပ်နေရာများ၌ ပြန်လည်ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမိုခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဦးစားပေးခန့်အပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ အထူးအစီအစဉ်ဖြင့် ခန့်အပ်မည်ဖြစ်သည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသား ခေါ်ယူခြင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွက် သင်တန်းသားသင်တန်းသူ ခေါ်ယူခြင်းများတွင် ဒေသခံများအား ခေါ်ယူခြင်းဖြင့် သင်တန်းပြီးဆုံး၍ တာဝန်ချထားရာတွင် ပိုမိုအဆင်ပြေမည်ဖြစ်သဖြင့် ဒေသခံများအား ဦးစားပေး ခေါ်ယူသင်တန်းပေး၍ မွေးထုတ်မည်ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးအတွက် လက်ရှိ စစ်တွေသူနာပြုနှင့် သားဖွားသင်တန်းကျောင်းအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တစ်ခုခု (လျာထား - ကျောက်ဖြူမြို့) ၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အသစ်တစ်ခု တည်ထောင်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုရှိရန်အတွက် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂၂ ဦးရှိရန် လိုအပ်သည်ဟု အကြံပြုထားကြောင်း၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ်သားအင်အားသည် လူတစ်သောင်းလျှင် ၁၆ ဦးခန့်ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ငါးဦးသာရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေးသေနှုန်းသည်လည်း တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်နေကြောင်း၊ ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြကြောင်းနှင့် ကာကွယ်ဆေးထိုးရုံဖြင့် ကာကွယ်နိုင်သည့်ရောဂါ အများအပြား မကြာမီနှစ်များအတွင်းက အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ကို တွေ့ရပြီး ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်း၌ ပါဝင်ဖြေဆိုသူများ၏ ၅၂ ရာခိုင်နှုန်းသည် ၎င်းတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ ရရှိခြင်း မရှိကြောင်း ဖြေဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
