Top News

စစ်ကိုင်းမြို့ ရွှေမင်းဝံစျေးကို ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်စျေးသစ်အဖြစ် ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရ
24htopnews | December 10, 2024 8:12 AM CST

စစ်ကိုင်းမြို့တွင် စစ်ကိုင်းမြို့မစျေးကြီး၊ ရွာထောင်ဘူတာစျေး၊ သရက်ပင်ဆိပ်စျေး၊ မကျည်းစဉ်စျေး၊ ရွှေမင်းဝံစျေးများရှိပြီး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံစျေးသည် ဟောင်းနွမ်းပျက်စီးမှုများ ရှိလာခြင်း၊ ရွှေမင်းဝံ ရက်ကွက်သည် စစ်ကိုင်းစက်မှုဇုန်၊ ပညာရေး တက္ကသိုလ်အနီးတည်ရှိပြီး လူဦးရေ ထူထပ်လာသောကြောင့် ရွှေမင်းဝံစျေးအား ကျပ်သိန်းတစ်သောင်းကျော် အကုန်အကျခံကာ နှစ်ထပ်စျေးအသစ်အဖြစ် အမေ့နန်းတော် ကုမ္ပဏီမှ တာဝန်ယူကာ တည်ဆောက်နေပြီး ယခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ တည်ဆောက်ဆဲ ရွှေမင်းဝံနှစ်ထပ်စျေး စျေးဆိုင်တိုက်ခန်းများ ၄၅ ရာခိုင်နူန်း ရောင်းချထားပြီး ကျန်ရှိသော ဆိုင်ခန်းများအား ဘဏ်စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် တည်ဆောက်နေသော နှစ်ထပ်စျေးသစ် စျေးဆိုင်ခန်းများတွင် ရောင်းချရန် စာရင်းပေးသွင်းထားသည့် လက်ရှိရောင်းချနေသော စျေးသည်များကို မဲစနစ်ဖြင့် ယခုနှစ်ဇူလိုင် ၄ ရက်တွင် စစ်ကိုင်းမြို့၊ မြို့မစျေးကြီး အပေါ်ထပ်တွင် မဲနှိုက်နေရာချထား ရောင်းချပေးခဲ့ကြောင်း သိရပြီး မြေညီထပ်ဆိုင်ခန်းများ၊ အပေါ်ထပ်ဆိုင်ခန်း ၄၅ ရာခိုင်နှုန်း ရောင်းချထားရပြီး ကျန်ရှိဆိုင်ခန်းများအား ဘဏ်နှင့်ချိတ်ဆက်ကာ ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“အမိုးပါ အကာမဲ့ ဆိုင်ခန်းတွေအားလုံး ရောင်းချပေးသွားပြီးပါပြီ။ စျေးပတ်ပတ်လည် သုံးဖက်က စျေးဆိုင်တိုက်ခန်းတွေ ၄၅ ရာခိုင်နှုန်း ရောင်းချထားပါတယ်။ ၂၅ လမ်း မျက်နှာစာမြေညီထပ်၊ အပေါ်ထပ် ဆိုင်ခန်းတွေ ရောင်းချထားရပါတယ်။ ကျန်တဲ့ ၆ လမ်း၊ ၈ လမ်းဘက်က ဆိုင်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး ဝယ်ယူနိုင်ဖို့ ဒီရက်ပိုင်းဘဏ်တွေနဲ့ ဆက်သွယ်ပြီး စီစဉ်သွားမှာပါ။ ခြောက်လမ်းဘက် အပေါ်ထပ်ဆိုင်ခန်းကို ဘဏ်တစ်ခုက ဝယ်ဖို့ကမ်းလှမ်းထားပါတယ်။ ဆိုင်ခန်းဝယ်ယူလိုသူတွေရယ်၊ ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီရယ်၊ ဘဏ်ရယ်တွေ့ဆုံပြီး အရစ်ကျ ဝယ်ယူနိုင်ဖို့ ဆွေးနွေးသွားမှာပါ” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကာ်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။

အသစ်တည်ဆောက်နေသည့် နှစ်ထပ်စျေး၊ ဆိုင်ခန်းများတွင် ရွှေမင်းဝံရပ်ကွက် ၂၅ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်းများ (၁၀ ပေ ၁၂ ပေ) တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀၊ အပေါ်ထပ်ဆိုင်ခန်းအတွင်း လှည့် (၁၀ ပေပတ်လည်) အား ကျပ်သိန်း ၁၀၀ နှင့် ၆ လမ်း၊ ၈ လမ်းမျက်နှာလှည့် မြေညီထပ်ဆိုင်ခန်း (၁၀ ပေ ၁၂ ပေ) များအား သိန်း ၁၅၀၊ အပေါ်ထပ်အခန်းအတွင်း လှည့် (၁၀ ပတ်လည်) များအား ၇၅ သိန်း၊ အမိုးပါ အကာမဲ့ ဆိုင်ခန်းတစ်ခန်းလျှင် ၁၅ သိန်းဖြင့် လေးကြိမ်အရစ်ကျ ရောင်းချပေးခဲ့ပြီး ပျံကျဆိုင်ခန်းများအား အခမဲ့ရောင်းချ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ စျေးသစ်၏ ပုံစံမှာ “ယူ” ပုံစံဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်းရှိကြောင်း သိရသည်။  


READ NEXT
Cancel OK