Top News

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံး၏ စွဲချက်တင်အမိန့်ကို မကျေနပ်၍ ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထားချက် တရားလွှတ်တော်က လက်ခံ 
24htopnews | December 10, 2024 8:12 AM CST

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံး၏ စွဲချက်တင်အမိန့်ကို မကျေနပ်၍ ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု လျှောက်ထားချက်ကို အောက်တိုဘာ ၁၇ ရက်က ပြင်ဆင်မှု လျှောက်ထားသူများ၏ ရှေ့နေက လက်ခံသင့် မသင့် လျှောက်လဲချက်ပေးခဲ့ပြီး ယင်းအမှုအား ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံးက လက်ခံသည့်အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ၁၂၂ (၁) နှင့် ပုဒ်မ ၅၀၅ (ခ) တို့ ဖြင့် တရားစွဲဆိုထားသော ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ထပ်မံ စစ်ဆေးလျက်ရှိပြီး အောက်တိုဘာ ၉ ရက် ရုံးချိန်းတွင် စစ်ဆေးမှု မပြီးပြတ်နိုင်ခဲ့ကြောင်းနှင့်  ဆက်လက် စစ်ဆေးမည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခဲ့ကာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က ဒေါက်တာ အေးမောင် အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် စက်တင်ဘာ ၁၀ ရက်က စစ်တွေခရိုင် တရားရုံးက ပုဒ်မ ၁၇ (၁)အား အပြီးသတ် လွတ်မြောက်ခွင့်ရခဲ့ပြီး အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် သစ္စာဖောက်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့ဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင်အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်အေးနုစိန်က “မူလကတော့ အောက်တိုဘာ ၉ ရက်မှာ လျှောက်လဲချက် ပေးရမယ်လို့ ထင်ထားပေမယ့် ဒေါက်တာ အေးမောင် အတွက် တင်သွင်းတဲ့ ပြင်ဆင်မှု လျှောက်ထားချက်နဲ့အတူ တစ်ပေါင်းတည်း ပေးရမယ်ဆိုလို့ ဒီနေ့မှ လျှောက်လဲချက် ပေးခဲ့ရတယ်”ဟု ပြောကြားသည်။

 


READ NEXT
Cancel OK