ဒိုက်ဦးမြို့တွင် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်အား ထောက်ခံကြောင်း ပြည်သူ ၁၀၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင် နုတ်ထွက်ပေးရေးအတွက် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ပြည်သူ ၄၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ပြီး တစ်ပတ်အကျော် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဦးသန်းထိုက်အောင်အား ထောက်ခံကြောင်းပြည်သူ ၁၀၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့အပတ်က ဦးသန်းထိုက်အောင်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်တာလည်း သူတို့အခွင့်အရေးပါ။ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်ဟာ တောင်သူအကျိုးပြုလုပ်ငန်းတွေကို ကျွန်တော်တို့ဘဝမှာ အိပ်မက်မမက်ခဲ့ဖူးတာကို အကောင်အထည် ဖော်ပေးခဲ့ပါတယ်။ အဂတိတရားကင်းရှင်းပြီး ဘာအခွင့်အရေးမှ မယူပါဘူး။ ဆိုင်ကယ်၊ ကားတွေနဲ့ လာတဲ့အခါလည်း ဆီဖိုးမပေးရပါဘူး။ ထမင်းလေးပဲ စားပါတယ်။ ဒါတွေကြောင့် ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်တာပါ” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးစန်းလွင်က ပြောကြားသည်။
“ဒါကတော့ ပြည်သူထောက်ခံလို့ ဆန္ဒထုတ်ဖော်တယ်ပေါ့နော်။ နောက်ပြီး မကြာမီ ကျွန်တော့်မွေးနေ့ဖြစ်တဲ့အတွက် ယုံကြည် ထောက်ခံပွဲကို ပြည်သူတွေက လုပ်တာပါ။ ဒါကြောင့် ပြည်သူတွေကို လုပ်ပေးရမယ့် အကြွေးတွေလည်း ကျွန်တော့်မှာ အများကြီး ရှိနေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ပြောကြားသည်။
ပြည်သူများ ထောက်ခံဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီခန့်တွင် ဒိုက်ဦးမြို့ မေဒါဝီလမ်းရှိ NLD ပါတီရုံးရှေ့မှစတင်ကာ ‘တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်အား ထောက်ခံပါသည်’၊ ‘ဦးသန်းထိုက်အောင် လွှတ်တော်ကိုယ်စားလှယ် တည်တံ့ရေး ဒို့အရေး’၊ ‘ဦးသန်းထိုက်အောင်ဖြုတ်ချမည့်အကြံ တို့လက်မခံ’၊ ‘ပြည်သူစိတ်ချမ်းသာအောင် အမြဲကြိုးစားနေသော ဦးသန်းထိုက်အောင် ကျန်းမာပါစေ’ စသည့်စာသားများပါသော ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဒိုက်ဦးမြို့အတွင်း လမ်းလျှောက်လှည့်လည် ဆန္ဒထုတ်ဖော်ကြပြီး နံနက် ၁၁ နာရီခန့် NLD ရုံးရှေ့ပြန်အရောက်တွင် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်အား အောက်တိုဘာ ၇ ရက်က အများပြည်သူ၏ဆန္ဒကို မခံယူဘဲ ဒိုက်ဦးမြို့နယ် သာယာလှပရေးများ ဆောင်ရွက်ရာတွင် အနှောင့်အယှက်ပေးသော လူနည်းစုပြောကြားချက်များကို လုပ်ဆောင်ခြင်း၊ အနှောင့်အယှက်ပေးသော လူနည်းစုနှင့် ပေါင်းသင်းနေထိုင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ အရှိန်အဝါသုံးပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် ဟန့်တားခြင်းများ လုပ်ဆောင်နေပြီး ဒိုက်ဦးမြို့နယ် NLD ပါတီမှ အလုပ်အမှုဆောင် ဦးကျော်စိုးဦးမှာလည်း ဦးသန်းထိုက်အောင်၏ အရှိန်အဝါကိုသုံးပြီး မြို့ပြဖွံ့ဖြိုးသာယာရေးလုပ်ငန်းများတွင် တားဆီးနှောင့်ယှက်မှုများ ပြုလုပ်သည်ဟုဆိုကာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
