ဂါလာတာစာရေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် အသင်းတွင် ယခုရာသီကုန်အထိ ဆက်နေမည်ဟု ကတိပေးထားကြောင်း တူရကီမီဒီယာများက ဖော်ပြခဲ့သည်။
ဥရောပထိပ်တန်းအသင်းကြီးများ၏စိတ်ဝင်စားခြင်းကို ခံနေရသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့်နွေက ဂါလာတာစာရေးအသင်းထံသို့ တစ်ရာသီအငှားဖြင့် အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့သည်။
ဂါလာတာစာရေးနှင့် ချုပ်ဆိုထားသည့်အငှားစာချုပ်တွင် အိုဆင်မန်အနေဖြင့် လာမည့်ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့လိုပါက အငှားစာချုပ်ကို ဖျက်သိမ်းနိုင်သည်ဆိုသောအချက် ပါဝင်ကြောင်း သိရသည်။
လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အိုဆင်မန်အားခေါ်ယူရန် ချယ်လ်ဆီး၊ PSG အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေသည်။
သို့သော် အိုဆင်မန်က ဂါလာစာရေးတွင် ရာသီကုန်အထိ ကစားမည်ဟု ကတိပေးထားကြောင်း တူရကီသတင်းစာ Takvim ကဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
