မန်ယူအသင်းနည်းပြ အာမိုရင်မ်က ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် ၎င်းမှာ တာဝန်ရှိသူဖြစ်သောကြောင့် အပြစ်ပိုရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး အာမိုရင်မ်လက်ထက် ပြိုင်ပွဲစုံ ငါးပွဲကစားရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် အာဆင်နယ်နှင့် နော်တင်ဟမ်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ အမှတ်ပေးပွဲနှစ်ပွဲဆက် ရှုံးနိမ့်ခြင်းမှာ အာမိုရင်မ်အတွက် ၂၀၂၂ ခုနှစ် သြဂုတ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သလို နော်တင်ဟမ်အသင်းမှာမူ ၁၉၉၄ ခုနှစ် ဒီဇင်ဘာ နောက်ပိုင်း နှစ် ၃၀ အကြာတွင် မန်ယူအသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်း၌ နိုင်ပွဲပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
"ဒီလိုဖြစ်လာတဲ့အခါမှာ ကျွန်တော့်ရဲ့ အပြစ်က ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က တာဝန်ရှိသူဖြစ်လို့ပါ။ ကျွန်တော်တို့ အကောင်းဆုံးနည်းလမ်းနဲ့ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီနေရာ (တည်ကန်ဘော) မှာ ကျွန်တော်တို့ အလုပ်တွေအများ ကြီးလုပ်ထားပါတယ်။ အာဆင်နယ်နဲ့ပွဲမှာလည်း ဒီလိုမျိုးဖြစ်တာ ကျွန်တော်တို့တွေ့ခဲ့ရတယ်။ ဒီအခြေအနေမှာ ပြန်လာနိုင်ဖို့ တကယ်ခက်ခဲပါတယ်" ဟု အာမိုရင်မ် ကပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက "စပို့တင်းအသင်းမှာ အစတုန်းက ဒီထက်တောင် ပိုဆိုးပါတယ်။ ကျွန်တော့်အတွက် ခံစားချက်ချင်းအတူတူပဲ ဆိုပေမဲ့ ကမ္ဘာကြီးအတွက်တော့ လုံးဝကွဲပြားခြားနားပါတယ်။ ပေါ်တူဂီမှာ စပို့တင်းကို သိကြပေမဲ့ မန်ချက်စတာကတော့ ကမ္ဘာလုံး ဆိုင်ရာအရ အာရုံစိုက်မှု အများကြီးခံရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ခံစားချက်က အတူတူပါပဲ။ ဒီလိုအခြေအနေမျိုး စပို့တင်းမှာ ကျွန်တော်ကြုံဖူးပါတယ်။ ခင်ဗျားမှာ ဘောလုံးနဲ့ပတ်သက်တဲ့ အတွေ့အကြုံ နည်းနည်းရှိရင်တောင် ဒါက ကလပ်တော်တော်များများမှာ ဖြစ်တတ်တာကို သိမှာပါ။ အသင်းကို တိုးတက်လာစေဖို့နဲ့ တူညီတဲ့အရာတွေဆက်လုပ်ဖို့ ကျွန်တော်တို့ လုပ်ရပါမယ်။ နေ့စဉ်နေ့တိုင်း အဲဒီလိုမျိုးဆက်လုပ်နိုင်ဖို့ အချိန်လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
