အာဆင်နယ်အသင်း၏နည်းပြ အာတီတာက မိမိတို့အနေဖြင့် ထောင့်ကန်ဘောဘုရင်အဖြစ်သာမက အရာအားလုံး၏ဘုရင် ဖြစ်လိုသည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီမှ စတွက်ပါက ပရီးမီးယားလိဂ်တွင် ထောင့်ကန်ဘောမှ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ် ရပ်တည်နေသည်။
အာဆင်နယ်အသင်းသည် စုစုပေါင်း ပရီးမီးယားလိဂ် (၅၂)ပွဲတွင် ထောင့်ကန်ဘောမှ (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ရပ်တည်နေသည့် မန်စီးတီး(၁၅ ဂိုး)ထက် (၈)ဂိုး ပိုများနေသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် အာဆင်နယ်အသင်းကို Corner Kings သို့မဟုတ် Kings of Corner ဟု တင်စားသုံးနှုန်းမှုများရှိလာခဲ့ရာ အာတီတာက ထောင့်ကန်ဘောဘုရင်အဖြစ်သာမက အရာအားလုံး၏ ဘုရင်ဖြစ်လိုသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ အရာအားလုံးရဲ့ ဘုရင်တွေ ဖြစ်ချင်ပါတယ်။ Set-piece မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်တယ်။ High Press မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်တယ်။ နေရာလွတ်တွေကနေ တိုက်စစ်ဆင်တဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်တယ်။ ကွင်းထဲမှာ အကောင်းဆုံးလွှမ်းမိုးထားနိုင်ပြီး အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ချင်ပါတယ်''ဟု အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ထောင့်ကန်ဘောအပါအဝင် တည်ကန်ဘော(Set-piece)များမှ ဂိုးများစွာ သွင်းယူနိုင်နေခြင်းကြောင့် စတုတ်စီးတီးအသင်းနှင့် နှိုင်းယှဉ်ပြောကြားမှုများလည်း ရှိလာခဲ့သည်။
စတုတ်စီးတီးအသင်းသည် နည်းပြ တိုနီပူးလစ် ကိုင်တွယ်စဉ် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း၌ ပရီးမီးယားလိဂ်တွင် (၁၈၈)ဂိုး သွင်းယူခဲ့သည့်အနက် (၈၁)ဂိုးကို Set-piece များမှ သွင်းယူခဲ့ခြင်းဖြစ်ပြီး (၄၃.၁%)ရှိခဲ့သည်။
အာဆင်နယ်အသင်းမှာ ၂၀၂၃-၂၄ ရာသီမှ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်တွင် (၁၂၀)ဂိုး သွင်းယူခဲ့ရာ၌ Set-piece များမှ သွင်းယူနိုင်မှု (၃၁)ဂိုးရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၅.၈ %)ရှိခဲ့သည်။
ယင်းကာလအတွင်း Set-piece မှ အာဆင်နယ်ထက် ဂိုးပိုသွင်းနိုင်သည့် အသင်းနှစ်သင်းအဖြစ် အဲဗာတန်(၅၀%)နှင့်် လူတန်(၃၀.၈%)တို့ ရှိနေသော်လည်း အာဆင်နယ်အသင်းကို စတုတ်စီးတီးနှင့် ခိုင်းနှိုင်းနေကြခြင်းဖြစ်သည်။
ယင်းသို့ ခိုင်းနှိုင်းခြင်းကို အာဆင်နယ်ကစားသမားအချို့က သဘောကျခြင်းမရှိသော်လည်း နည်းပြ အာတီတာကမူ မိမိတို့ကို ချီးမြှောက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
''ဒီလိုပြောတာကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ချီးမြှောက်မှုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စတုတ်စီးတီးအသင်းက Set-piece မှာ အရမ်းကောင်းခဲ့တာကြောင့်ပါပဲ''ဟု အာတီတာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
