ချယ်လ်ဆီးအသင်း၏ တိုုက်စစ်ကစားသမား ပါလ်မာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပယ်နယ်တီသွင်းဂိုး အများဆုံး ရာနှုန်းပြည့်သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ပါလ်မာသည် ချယ်လ်ဆီးအသင်းက စပါးအသင်းကို (၄-၃)ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ပယ်နယ်တီ(၂)ဂိုး သွင်းယူခဲ့သောကြောင့် ၎င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ပယ်နယ်တီ သွင်းယူမှု (၁၂)ဂိုးရှိသွားပြီဖြစ်သည်။
ပါလ်မာသည် ကန်ခွင့်ရရှိသည့် ပယ်နယ်တီ(၁၂)ကြိမ်စလုံးကို ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပယ်နယ်တီ(၁၁)ကြိမ်စလုံးကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည့် မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးကို ကျော်ဖြတ်ကာ အများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ပါလ်မာနှင့် ယာယာတိုရေးတို့၏နောက်တွင် ဘာဘာတော့ဗ်က ပယ်နယ်တီ(၉)ကြိမ်စလုံး ဝင်အောင်ကန်သွင်းကာ တတိယနေရာ ရပ်တည်နေပြီး ရာအူးလ်ဟီိမင်နက်ဇ်နှင့် ရူဘင်နယ်ဗက်စ်တို့က (၈)ဂိုးစီ သွင်းယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
