Top News

အတ္တလန်တာအသင်းကို အနိုင်ကစားရမည်ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေ ပြောကြား
24htopnews | December 9, 2024 7:12 PM CST

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေက ၎င်းတို့အသင်းအနေဖြင့် အတ္တလန်တာအသင်းကို အနိုင်ကစားရမည်ဟု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၆) အဖြစ် ယနေ့ညတွင် အတ္တလန်တာအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၅) အပြီးတွင် ရမှတ် (၆) မှတ်သာရရှိထားပြီး အဆင့် (၂၄) နေရာ၌ ရပ်တည်နေသောကြောင့် အုပ်စုအဆင့်မှထွက်ခွာရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ဘာပေက  မိမိတို့အသင်းအနေဖြင့် အဆင့် (၅)နေရာမှ အတ္တလန်တာ(၁၁ မှတ်)ကို အနိုင်ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာပေက ''ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်အားတောင့်တင်းတဲ့ အသင်းတွေကိုပဲ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ (လီဗာပူးလ်အသင်းကို) ရှုံးနိမ့်ထားလို့ အခုပွဲမှာ (အတ္တလန်တာအသင်းကို) အနိုင်ကစားဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အတ္တလန်တာအသင်းနဲ့သွားပြီး ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်သလို၊ အနိုင်ရလဒ်ကို ရယူဖို့လည်း အသင့်ဖြစ်နေပါပြီ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK