ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ဒုတိယနေ့ ပွဲစဉ်တွေမှာတော့ လိုက်ပ်ဇစ်အသင်းက စပါးအသင်းကို အဝေးကွင်းမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး အတ္တလန်တာအသင်းကတော့ ဗလင်စီယာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းခဲ့ပါတယ်။
■ စပါး ၀-၁ လိုက်ပ်ဇစ်
စပါးအတွက် စိတ်ပျက်စရာပွဲတစ်ပွဲပါပဲ။ မနှစ်က ဗိုလ်လုပွဲရောက်ခဲ့တဲ့ အသင်းဟာ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ကွာတားဖိုင်နယ် အတွက် အခွင့်အရေးနည်းသွားခဲ့တယ်။
ဟာရီကိန်းမပါ၊ ဆွန်ဟောင်မင်မပါတဲ့ တိုက်စစ်ကအားနည်းသွားတာမှန်ပေမယ့် မော်ရင်ဟိုရဲ့ နည်းဗျူးဟာလည်း အရင်လို မဟုတ်တော့ပါဘူး
လိုက်ပ်ဇစ်အသင်းကတော့ စပါးကွင်းမှာ ဗာနာ၊ ပေါလ်ဆင်တို့နဲ့ လူစုံပွဲထွက်ခဲ့ပြီး အကောင်းဆုံးကစားခဲ့တာပါ။
စပါးအသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံး ခံစစ်မှာပဲ အချိန်ကုန်ခဲ့တယ်။ လိုက်ပ်ဇစ်က စပါးကွင်းမှာ လာကစားရတယ်ဆိုပေမယ့် သူတို့ကစားချင်သလို ကစားသွားတာတွေ့ရတယ်။
စပါးကို Pressing လုပ်တယ်၊ ဘောလုံးကိုလည်း စိတ်ကြိုက်ကိုင်ကစားတယ်။ အခွင့်အရေးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့တယ်။
စပါးအသင်းရဲ့ဝါရင့်ဂိုးသမား လိုရစ်သာ မကယ်ခဲ့ရင် ဒီပွဲက စပါးဂိုးပြတ်ရှုံးတဲ့ ပွဲတစ်ပွဲလို့ ဆိုရမှာဖြစ်သလို အခြားတစ်ဖက်မှာတော့ လိုက်ပ်ဇစ်အသင်းဟာ နောက်တစ်ဆင့်ကိုသေ ချာပေါက်တက်ခွင့်ရစေမယ့် အခြေအနေမျိုးကို ဖန်တီးနိုင်ဖို့ ပျက်ကွက်ခဲ့တယ်ပြောရမယ်။
လာမယ်လာ ဝင်လာတဲ့အချိန်ကစပြီး စပါးရဲ့တိုက်စစ်က ပိုကောင်းလာခဲ့တယ်။ လာမယ်လာကို မော်ရင်ဟို အခုအချိန်မျိုးမှာတောင် မယုံကြည် သေးတာလည်း အံ့ဩစရာကောင်းတယ်။ လိုက်ပ်ဇစ်ရဲ့အနိုင်ဂိုးကိုတော့ ပယ်နယ်တီကနေ ဗာနာက (၅၈)မိနစ်မှာ သွင်းယူခဲ့တယ်။
■ အတ္တလန်တာ ၄-၁ ဗလင်စီယာ
ဗလင်စီယာလို အားကောင်းတဲ့အသင်းတစ်သင်းကို အတ္တလန်တာအနိုင်ယူခဲ့ပုံက ဒီတစ်ပတ်ချန်ပီယံလိဂ်ပွဲစဉ် (၄)ပွဲထဲမှာ Shock ပါပဲ။
အတ္တလန်တာရဲ့ တိုက်စစ်အားသန်စိတ်ကို အားလုံးအသိအမှတ်ပြုထားကြပေမယ့် ဒီလိုအဆင့်၊ ဒီလိုပြိုင်ဘက်မျိုးနဲ့ ပွဲမှာ အသင်းကြီးတစ်သင်းလို စိတ်ဓာတ်မျိုးနဲ့ ကစားနိုင်ခဲ့တာ အံ့ဩစရာပါ။
အတ္တလန်တာကစားသမားတွေဟာ စီးရီးအေမှာ ကစားသလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်ချက်အပြည့်နဲ့ ကစားခဲ့ပါတယ်။
အီလီချစ်နဲ့ အသင်းခေါင်းဆောင် ဂိုးမက်စ်တို့က ဒီနိုင်ပွဲရဲ့အဓိကပဲ့ကိုင်ရှင်တွေအဖြစ် ပွဲကို ဦးဆောင်သွားခဲ့ပြီး ပါဆာလစ်ကလည်း ဖန်တီးမှု နှစ်ကြိမ်နဲ့အတူ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။
အတ္တလန်တာအသင်း အတွက်ဦးဆောင်ဂိုးမတိုင်ခင်အထိ ဗလင်စီယာ ကစားတာ မညံ့ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး။
အတ္တလန်တာအ တွက် ဂိုးတွေကို ဟာတီဘိုက (၁၆၊ ၆၂)၊ အီလီ ချစ်နဲ့ ဖရူလာက (၄၂၊ ၅၇)မိနစ်တွေမှာ သွင်းခဲ့ ကြပြီး ဗလင်စီယာအတွက်ဂိုးကိုတော့ (၆၆)မိ နစ်မှာ ချီရီရှက်ဗ်က သွင်းယူခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
