PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခြင်းခံထားရသည့် ဖီဖာအထွေထွေအတွင်းရေးမှူး ဟောင်း ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သိရသည်။
PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခြင်းခံထားရသည့် ဖီဖာအထွေထွေအတွင်းရေးမှူး ဟောင်း ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သိရသည်။
ဗယ်လ်ကီသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်မှုများနှင့်ပတ်သက်၍ လာဘ်စားမှုပြုလုပ်ခဲ့ခြင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်မှတ်ရောင်းချမှုများ၌ မရိုးမသားပြုလုပ်ခဲ့ခြင်း စသောစွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့်အပြင် ဘောလုံးလောကနှင့်ပတ်သက်ခွင့် ပိတ်ပင်ခံထားရသူလည်းဖြစ်သည်။
၂၀၁၆ ခုနှစ်က ချမှတ်ခဲ့သော ပြစ်ဒဏ်အရ ဗယ်လ်ကီသည် ၂၀၂၈ ခုနှစ်အထိ ဘောလုံးလောကနှင့် ပတ်သက်ခွင့်မရှိကြောင်းလည်း သိရသည်။
ယခုအခါ ဆွစ်ဇာလန်ရှေ့နေများ က အယ်လ်ခီလိုင်ဖီနှင့် အခြားစီးပွားရေးသမားတစ်ဦးသည် ဗယ်လ်ကီနှင့် ဆက်နွယ်မှုရှိနေ ကြောင်း တွေ့ရှိရသည်ဟုဆိုကာ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
သို့သော် အယ်လ်ခီလိုင်ဖီက မိမိ်အနေဖြင့် မည်သည့်အမှားအယွင်းမျှ ပြုလုပ်ခဲ့ခြင်းမရှိသည်ကို သက်သေပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
