လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းအား ရှုံးပွဲတွေ့အောင် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည့် မန်ယူအသင်းပရိသတ် ကလေးငယ်တစ်ဦးထံ စာပြန်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းအား ရှုံးပွဲတွေ့အောင် ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည့် မန်ယူအသင်းပရိသတ် ကလေးငယ်တစ်ဦးထံ စာပြန်ခဲ့ကြောင်း သိရသည်။
အသက် (၁၀)နှစ်အရွယ်ရှိ ဒါရက်ကာလေ အမည်ရသည့် မန်ယူပရိသတ် ကလေးငယ်တစ်ဦးသည် လီဗာပူးလ်နည်းပြ ကလော့ပ်ထံ စာရေးကာ လီဗာပူးလ်အသင်း ရှုံးပွဲတွေ့အောင် ပြုလုပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒါရက်ကာလေက လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲများစွာ အနိုင်ကစားထားကြောင်း၊ နောက်ထပ် (၉)ပွဲ အနိုင်ရခဲ့မည်ဆိုပါက အင်္ဂလိပ်ဘောလုံးသမိုင်းတွင် အကောင်းဆုံးရှုံးပွဲမရှိစံချိန်ကိုရရှိမည်ဖြစ်ကြောင်း၊ ယင်းကို မြင်နေရသည်မှာ မန်ယူပရိသတ်တစ်ဦးအတွက် ရင်နာစရာကောင်းလွန်းကြောင်း၊ ထို့ကြောင့် လာမည့်ပွဲစဉ်များတွင် လီဗာပူးလ်အသင်းကို ရှုံးပွဲတွေ့အောင် ကလော့ပ်က ပြုလုပ်ပေးစေလိုကြောင်း ရေးသားထားသည်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က မိမိအနေဖြင့် ၎င်း၏တောင်းဆိုမှုကို ဖြည့်ဆည်းမပေးနိုင်သည့်အတွက် ဝမ်းနည်းကြောင်း အစချီကာ ဒါရက်ကာလေကို စာပြန်ခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ဒီအခြေအနေမှာ မင်းရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းမပေးနိုင်လို့ ကံမကောင်းဘူးလို့ပဲ ဆိုရမယ်။ မင်းက လီဗာပူးလ်အသင်းကို ရှုံးစေချင်ပေမယ့် ငါ့အလုပ်က လီဗာပူးလ်အသင်း အနိုင်ရအောင် စွမ်းဆောင်ပေးရမယ့် အလုပ်ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာအနှံ့မှာ လီဗာပူးလ်အသင်းကို အားပေးနေတဲ့ ပရိသတ်တွေ သန်းချီရှိပြီး သူတို့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ မင်းရဲ့ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်နဲ့ ကလပ်အသင်းအပေါ် ချစ်မြတ်နိုးစိတ်ကို ထိန်းထားပါလို့ မှာချင်တယ်။ မင်းလို ပရိသတ်ကို ပိုင်ဆိုင်ထားတာဟာ မန်ယူအသင်းအတွက် ကံကောင်းခြင်းပါပဲ။ ငါတို့အသင်းတွေက မဟာပြိုင်ဘက်တွေ ဖြစ်ပေမယ့် တစ်သင်းအပေါ် တစ်သင်း လေးစားမှုအပြည့် ရှိပါတယ်။ ငါ့အတွက် ဘောလုံးဆိုတာ အဲဒါပါပဲ"ဟု ရေးသားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)အပြီးတွင် ရမှတ် (၇၆)မှတ်ဖြင့် အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားဒုတိယနေရာမှ မန်စီးတီးအသင်း (၅၄ မှတ်)ကို (၂၂)မှတ်အထိ ဖြတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
