လက်ရှိအချိန်အထိ ဝန်ထမ်းလောကတွင် ကြိုးနီစနစ် ခိုင်မာအားကောင်းနေသည်ကို တွေ့ရှိရကြောင်း တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြည်သူ့လွှတ်တော်၌ ဝေဖန်ပြောဆို သည်။
နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့တွင် ဦးမြင့်လွင်က နိုင်ငံ့ဝန်ထမ်း ယန္တရားအတွင်း ကြိုးနီစနစ် လျှော့ချရေးနှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်း သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်း ရာ၌ အထက်ပါအတိုင်း ပြောကြားသည်။
“ပြည်သူတွေက သူတို့ရဲ့ တိုင်ကြား အကူအညီတောင်းခံတဲ့ကိစ္စတွေကို လာပြီးတော့ ထွေအုပ်ရုံးကိုပေးတဲ့အခါ ကျွန်တော်က ပြေစာလေးတွေ ပြန်ထုတ်ပေးပါ။ ဒါမှ ပြည်သူတွေဟာ ဒီပြေစာကို ကိုင်ပြီးတော့ ဘယ်နေ့ကတော့ ပေးထားတယ်။ ဘယ်နေ့ကျရင် သွားစုံစမ်းမယ်။ ဒါပေမဲ့ အကြံပြုချက်ကို မလိုက်နာပါဘူး။ မှတ်တမ်းတင်ထားတယ်။ မှတ်တမ်းတင်ထားတယ်ဆိုတာ တချို့ဟာတွေ စာတွေပျောက်တယ်။ ဒါကြောင့်နှစ်နဲ့ချီပြီးတော့ ကြာတယ်။ ကြာတဲ့အတွက် ကိုယ်စားလှယ်တွေကို လာပြီးတော့ မေတ္တာရပ်ခံတယ်။ ကျွန်တော်တို့ကလည်း အုပ်ချုပ်ရေးတွေ ဝန်ထမ်းတွေနဲ့ ပေါင်းစပ်ပြီးဖြေရှင်းပေးမယ်။ တချို့ကိစ္စတွေက လနဲ့ တချို့ကိစ္စတွေက နှစ်နဲ့ချီပြီး ကြာမြင့်နေပါတယ်။ အခုချိန်ထိ ဝန်ထမ်းလောကမှာ ကြိုးနီစနစ်က ခိုင်မာအားကောင်းနေဆဲဆိုတာ အတွေ့အကြုံအရ တွေ့ရှိရပါတယ်” ဟု ဦး မြင့်လွင်က ပြောကြားသည်။
ကြိုးနီစနစ် ခိုင်မာအားကောင်းနေသည်ကို အများဆုံး တွေ့ရှိရသည့် ဌာနသည် အထွေထွေအုပ်ချုပ်ရေးဖြစ်ပြီး ဒုတိယသည် မြေစာရင်းဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်မျှအားသွန်ကြိုး ပမ်းနေသော်လည်း ဝန်ထမ်းများက တက်တက်ကြွကြွ လိုက်ပါခြင်းမရှိသည့်အတွက် လုပ်ငန်းများ ရှေ့သို့ ရောက်သင့်သလောက် မရောက်ခြင်းများဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။
ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ အငြိမ်းစားခံစားခွင့်ပြုခြင်း စသည့် ဝန် ထမ်းရေးရာကိစ္စရပ်များကို တစ်ပြေးညီ လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ် မတ် ၈ ရက် တွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်ဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့်အပြင် အဆိုပါ ဥပဒေ၊ နည်းဥပဒေများတွင် ဝန်ထမ်းရေးရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနနှင့် အဖွဲ့အ စည်းများက ဆောင်ရွက်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်တာဝန်များကို ခွဲဝေပေးထားပြီးဖြစ်ကြောင်း ဦးမြင့်လွင်၏ မေးခွန်းနှင့်ပတ်သက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက ပြန်လည်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
