၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင် ကိုးသိန်း (၉၀၂၇၅၀ ဦး) ကျော် ရှိသည့်အနက် မဲပေးသူ ၄၂ ဒသမ ၄၂ ရာ ခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၄ ရက် တွင် သတင်းထုတ်ပြန်သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်နေရာ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ရှစ်နေရာဖြစ်သည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ မြင်းခြံ၊ တာမွေ၊ လဲချားတို့ ဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) (အကျုံးဝင်သောမြို့နယ် မြစ်ကြီးနား) ဖြစ်သည်။
ကန်ပက်လက်မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ဦးရေ ၁၂၄၄၉ ရှိသည့်အနက် မဲပေးသူ ၆၇ ဒသမ ၇၃ ရာခိုင်နှုန်း၊ မြင်းခြံ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ဦးရေ ၂၂၁၈၆၅ ရှိသည့်အနက် မဲပေးသူ ၄၁ ဒသမ ၀၇ ရာခိုင်နှုန်း၊ တာ မွေမဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ဦးရေ ၉၉၁၁၉ ရှိသည့်အနက် မဲပေးသူ ၃၃ ဒသမ ၂၃ ရာခိုင် နှုန်းနှင့် လဲချား မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ဦး ရေ ၃၉၃၂၁ ရှိသည့်အနက် မဲပေးသူ ၃၁ ဒသမ ၅၈ ရာခိုင်နှုန်းရှိပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) တွင် မဲဆန္ဒရှင်ဦးရေ ၂၀၃၂၉၂ ရှိသည့်အနက် မဲပေးသူ ၃၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ် တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ဖြစ်ကြသည်။
မတူပီမဲဆန္ဒနယ်အမှတ် (၁) တွင် မဲဆန္ဒရှင်ဦးရေ ၁၇၃၆၂ ရှိသည့်အနက် မဲပေးသူရာခိုင်နှုန်း ၆၅ ဒသမ ၆၃ ရာခိုင်နှုန်း၊ တမူး မဲဆန္ဒနယ်အမှတ် (၂) တွင် မဲဆန္ဒရှင်ဦးရေ ၃၅၄၃၄ ရှိသည့်အနက် မဲပေးသူ ၅၇ ဒသမ ၃၃ ရာခိုင်နှုန်း၊ အုတ်တွင်းမဲဆန္ဒနယ်အမှတ် (၁) တွင် မဲဆန္ဒရှင်ဦးရေ ၅၉၆၇၅ ရှိသည့်အနက် မဲပေးသူ ၄၇ ဒသမ ၉၆ ရာခိုင်နှုန်း၊ မင်းဘူးမဲဆန္ဒနယ် အမှတ် (၂) တွင် မဲဆန္ဒရှင်ဦးရေ ၆၈၄၁၄ ရှိသည့်အနက် မဲပေးသူ ၅၅ ဒသမ ၁၅ ရာခိုင်နှုန်း၊ သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁)တွင် မဲဆန္ဒရှင်ဦးရေ ၄၉၆၂၂ ရှိသည့်အနက် မဲပေးသူ ၄၂ ဒသမ ၇၀ ရာခိုင်နှုန်း၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် (၂) တွင် မဲဆန္ဒရှင်ဦးရေ ၅၂၃၀၀ ရှိသည့်အနက် မဲပေးသူ ၅၈ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဆိပ်ကမ်း မဲဆန္ဒနယ် အမှတ် (၂) တွင် မဲဆန္ဒရှင်ဦးရေ ၁၄၃၄ ရှိသည့်အနက် မဲပေးသူ ၆၅ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်ဦးရေ ၄၂၄၆၃ ရှိသည့် အနက် မဲပေးသူ ၄၂ ဒသမ ၂၆ ရာခိုင်နှုန်းရှိ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အဆိုပါ ၁၃ နေရာ၌ မဲဆန္ဒရှင်ဦးရေ ၈၃၉၀၅၄ ရှိသည့်အနက် မဲပေးသူ ၇၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုပါ ၁၃ နေရာတွင် မဲဆန္ဒရှင်ဦးရေ ၉၀၂၇၅၀ ရှိသည့်အနက် မဲပေးသူ ၄၂ ဒသမ ၄၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
