မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နယူးကာဆယ်ကွင်းလယ်ကစားသမား ဘရူနိုဂီမာရေ့စ်အား ခေါ်ယူရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
မန်စီးတီးအသင်းသည် အသက် ၂၇ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ကစားသမား ဂီမာရေ့စ်အား ခေါ်ယူရန် ပြီးခဲ့သည့် နွေရာသီကတည်းက စိတ်ဝင်စားခဲ့ပြီး ပြောင်းရွှေ့ကြေးမြင့်မားခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။ မန်စီး တီးအသင်းသည် ယခုရာသီတွင် အသင်းအဓိကကွင်းလယ်အဖျက်ကစားသမား ရိုဒရီအား ACL (ဒူးအရွတ်စုတ်ပြဲ) ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားပေးရထားသည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် လာမည့်ဇန်န ၀ါရီအပြောင်းအရွှေ့ ကာလတွင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကွင်းလယ်အဖျက်ကစားသမားခေါ်ယူရန် စီစဉ်နေပြီး ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ၊ အတ္တလန်တာ ကွင်းလယ်ကစားသမား အီမာဆန်တို့ကို စောင့်ကြည့်နေကြောင်း သိရှိရ သည်။
သို့သော် ယခုအခါ မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာသည် ရိုဒရီ၏နေရာတွင် အစားထိုးရန်အတွက် နယူးကာဆယ်ကွင်း လယ်ကစားသမား ဂီမာရေ့စ်ကို မျက်စိကျ နေပြီး ၎င်းအား ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းထားကြောင်း ဗြိ တိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ဂီမာရေ့စ်အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့သော်လည်း နောက်ဆုံံးတွင် ဘာစီလိုနာမှ အသင်းကွင်းလယ်ကစားသမားဟောင်း ဂွန်ဒိုဂန်ကို ပြန်လည်ခေါ်ယူခဲ့သည်။ ဂီမာရေ့စ်ကိုယ်တိုင်က မန်စီးတီးအ သင်းသည် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း၊ ၎င်းအနေဖြင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့်ပင် စကားပြောဖူးကြောင်း ဝန်ခံထားသည်။
သို့သော် ဂီမာရေ့စ်က ၎င်းအနေဖြင့် နယူးကာဆယ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူပြီး အသင်းတွင် ပျော်ရွှင်နေကြောင်းလည်း ပြောကြားထားသည်။ ဗြိတိန်မီဒီယာများ၏ဖော်ပြမှုအရ ဂီမာရေ့စ်သည် နယူးကာဆယ်အသင်းနှင့် ပေါင်သန်း (၁၀၀) တန် လျော်ကြေး စာချုပ်ရှိနေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဂီမာရေ့စ် အား ခေါ်ယူရန်အတွက် အသင်းကွင်းလယ်ကစားသမား မက်သီးယပ်စ်နူးနက်စ်ကို အသုံးပြုဖွယ်ရှိနေသည်။ မန်စီးတီးအသင်းသည် ဇန်နဝါရီတွင် ဂီမာရေ့စ်အတွက် မက်သီးယပ်စ်နူးနက်စ်ကို အလိုက်ပေးကမ်းလှမ်းမည် ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
