Top News

အီကွေဒေါလက်ရွေးစင်နောက်ခံလူ ပယ်လာဇာ ပြန်ပေးဆွဲခံရပြီးနောက် ပြန်လည်လွတ်မြောက်
24htopnews | December 8, 2024 10:12 PM CST

 

အီကွေဒေါလက်ရွေးစင်နောက်ခံလူ ပတ်ဒရိုပယ်လာဇာသည် မိတ်ဆွေတစ်ဦးနှင့်အတူ ပြန်ပေးဆွဲခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အီကွေဒေါအမျိုးသားရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သူ ပယ်လာဇာ သည် အီကွေဒေါလက်ရွေးစင်ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က နိုင်ငံအနောက်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ရှိ Esmeraldas မြို့၌ ပါတီပွဲတစ်ခုသို့သွားရန် မိတ်ဆွေဖြစ်သူနှင့်အတူ နေအိမ်မှထွက်ခွာလာစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ 

ပြန်ပေးဆွဲမှုဖြစ်ပွားပြီးနောက် သုံးရက်အကြာတွင် ၎င်းတို့နှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း အီကွေဒေါအမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ "အီကွေဒေါအမျိုးသား ရဲတပ်ဖွဲ့ဟာ Esmeraldas မှာ ပြန်ပေးဆွဲခံရ တယ်လို့ သတင်းပို့တိုင်ကြားထားတဲ့ ပတ်ဒရို နဲ့ ဟွမ်တို့ လွတ်မြောက်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ပြန်ပေးဆွဲမှုတိုက်ဖျက်ရေးအဖွဲ့ (UNASE) ထံက သတင်းအချက်အလက် စုဆောင်းခြင်းနည်းပညာနဲ့ သတင်းတွေစုဆောင်းပြီးနောက်မှာ သူတို့ဖမ်းဆီးခံထားရတဲ့ ကျေးလက်ဒေသက အိမ်တစ်လုံးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ပြန်ပေးဆွဲခံရတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးပြီးနောက်မှာ သူတို့ကို ဘေးကင်းလုံခြုံစွာနဲ့ မိသားစုတွေဆီ ပြန်ပို့နိုင်ဖို့ ညွှန်ကြားထားပါတယ်" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပယ်လာဇာသည် အီကွေဒေါကလပ် ဒဲလ်ဖင်အသင်း၌ ကစားနေသူဖြစ်ပြီး အီကွေ ဒေါလက်ရွေးစင်အဖြစ် ကိုလံဘီယာ၊ ပီရူး အသင်းတို့နှင့်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပါဝင်ကစားခဲ့ဖူးသည်။ အီကွေဒေါနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် အကြမ်းဖက်မှု များကြောင့် သေဆုံးသူအရေအတွက် ၇၀၀၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK