ဆားဘီးယားနာမည်ကျော်တင်းနစ်သမား ဂျိုကိုဗစ်သည် ၂၀၂၅ တင်းနစ်ပြိုင်ပွဲရာသီကို Brisbane International ပြိုင်ပွဲနှင့် စတင်မည် ဖြစ်ပြီး ပြိုင်ဘက်ဟောင်း အန်ဒီမာရေးမှာမူ သြစတြေးလျအိုးပင်းပြိုင်ပွဲကိုသာ နည်းပြအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
နဒါးလ်နှင့် ဖက်ဒါရာပြီးနောက် ဂျိုကိုဗစ်၏ အဓိကပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သည့် အန်ဒီမာရေး သည် သူ့အား ရာသီကြိုလေ့ကျင့်ရေးနှင့် သြစတြေးလျအိုးပင်းပြိုင်ပွဲကိုသာ ကူညီသွားမည်ဖြစ်သည်။ ဂျိုကိုဗစ်သည် ပြီးစီးခဲ့သည့် ယခုနှစ်တင်းနစ်ရာသီတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂရင်းစလင်းဖလား တစ်ကြိမ်မျှ မရရှိဘဲ ဖြစ်ခဲ့သည်။
တင်းနစ်ရာသီ၏ ပထမဆုံးမေဂျာပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ(၁၂)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဂျိုကိုဗစ်မှာမူ သြစတြေးလျသို့ စောစီးစွာလာရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းသည် ဒီဇင်ဘာလ(၂၉)ရက်တွင် စတင်ကျင်းပမည့် Brisbane International တင်းနစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
"ကျွန်တော့်အနေနဲ့ တင်းနစ်ရာသီ ကို Brisbane International ပြိုင်ပွဲနဲ့ စတင်ရမှာ ဖြစ်တဲ့အပြင် Pat Rafter Arena မှာ ကစားရမှာ ဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ သြစတြေးလျပရိသတ်တွေမှာ မယုံနိုင်စရာကောင်းတဲ့ ထောက်ခံအားပေးမှု အတွေ့အကြုံကို မျှော်လင့်စောင့်စားနေပြီး ဒီပြိုင်ပွဲမှာ အမှတ်တရဖြစ်စေမယ့် အရာတစ်ခု ပြုလုပ်လိုပါတယ်"ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။
အသက်(၃၇)နှစ်ရှိပြီဖြစ်သူ ဂျိုကိုဗစ်သည် သြစတြေးလျအိုးပင်းချန်ပီယံဆု (၁၀)ကြိမ်အပါ အဝင် ဂရင်းစလင်းချန်ပီယံဆုကို (၂၄)ကြိမ် ရရှိထားပြီး သြစတြေးလျဂန္ထဝင်တင်းနစ်မယ် မာဂရက်ကော့၏ ဂရင်းစလင်းဆုဖလားအများဆုံးမှတ်တမ်းနှင့် တူညီနေလျက်ရှိသည်။ ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုမရရှိခြင်းကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်လည်း အဆင့်(၇)နေရာသို့ ကျဆင်းခဲ့ရသည်။
ဂျိုကိုဗစ်သည် ကစားသမားဘဝတွင် ATP ဆုဖလား (၉၉)လုံး ရယူထားပြီး လာမည့်နှစ် စတွင်ပင် ရာပြည့်ဆုဖလားရယူရန် ပစ်မှတ်ထားလျက်ရှိသည်။ ရာပြည့်ဆုဖလားရရှိသူမှာ အမျိုးသားတင်းနစ်တွင် ဂျင်မီကောနားစ်(၁၀၉ ကြိမ်)နှင့် ဖက်ဒါရာ(၁၀၃ ကြိမ်)တို့သာ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
