Darragh မုန်တိုင်းတိုက်ခတ်မှုကြောင့် မာဆေးဆိုက်ဒ် ဒါဘီဖြစ်သည့် အဲဗာတန်-လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင် ဗြိတိန်နိုင်ငံတစ်ဝန်း ယခုတစ်ပတ်ကျင်းပမည့် ဘောလုံးပွဲနှင့် အားကစားပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်တွင် စတင်တိုက်ခတ်ခဲ့သည့် Darragh မုန်တိုင်းကြောင့် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ နယ်သာလန်နိုင်ငံများတွင် သက်ရောက်မှုရှိခဲ့သည်။ ၎င်းတို့အနက် ဗြိတိန်နိုင်ငံမှာ မုန်တိုင်းသက်ရောက်မှုအများဆုံးဖြစ်ခဲ့ပြီး မာဆေးဆိုက်ဒ် အပါအဝင် အချို့ဒေသများတွင် အနီရောင် အဆင့်သတ်မှတ်ထားကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ နှုန်းအထက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ခရီးသွားလာရာတွင် အနှောင့်အယှက်ဖြစ်နိုင်မှု၊ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည့် အခြေအနေကြောင့် ဒီဇင်ဘာ ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ (ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ) တွင် ယှဉ်ပြိုင်ကစားမည့် မာဆေးဆိုက်ဒ်ဒါဘီ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
"ယနေ့နံနက်ပိုင်း ဂူဒီဆင်ပတ်ခ်မှာ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အကြံပေးအစည်းအဝေးကို ကလပ်နှစ်သင်းက တာဝန်ရှိသူတွေအပြင် မာဆေးဆိုက်ရဲတပ်ဖွဲ့နဲ့ လီဗာပူးလ် မြို့တော်ကောင်စီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ လေပြင်းတိုက်ခတ်မှု ကြောင့် ဒေသခံတွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပြင်းထန်သော လေတိုက်ခတ်မှုသတိပေးချက်က တနင်္ဂနွေနေ့ နံနက် ၆ နာရီအထိ ဆက်ရှိနေမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ယနေ့ကစားမယ့်ပွဲစဉ်ကို လုံခြုံရေးအရ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု အဲဗာတန်နှင့် လီဗာပူးလ်အသင်းတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရွှေ့ဆိုင်းခဲ့ရသည့် မာဆေးဆိုက်ဒ်ဒါဘီ ပွဲစဉ် ပြန်လည်ကစားရမည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး လက်မှတ်ဝယ်ယူထားသူများအနေဖြင့် အဆိုပါလက်မှတ်များအတိုင်း ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း အဲဗာတန် အသင်းက ထုတ်ပြန်ခဲ့သည်။ အဲဗာတန် အသင်းသည် ယင်းပွဲအတွက် ပြင်ဆင်ထားသည့် အစားအသောက်များကို Foodbanks အပါအဝင် ဒေသခံလူမှုရေးအဖွဲ့အစည်းများထံသို့ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ချန်ပီယံရှစ်ပွဲစဉ်ဖြစ်သည့် ကာဒစ်ဖ်-ဝက်ဖို့ဒ်၊ ပလိုင်းမောက်-အောက်စဖို့ဒ်၊ League One ပွဲစဉ်ဖြစ်သည့် ဘလက်ပူးလ်- ရော့သာဟမ်၊ ဘရစ္စတိုးလ်ရိုဗာ-ဘော်လ်တန်၊ ခရော်လေ-စတီဗန်နေ့ချ်၊ League Two ပွဲစဉ်ဖြစ်သည့် ဘာရိုး-MK ဒွန်းစ်၊ နယူးပို့တ်-ကာလီဆေး၊ နော့ကောင်တီ-ကိုလ်ချက်စတာပွဲစဉ်များနှင့် အိုင်ယာလန်ပရီးမီးယားရှစ်၊ စကော့တလန် League ပြိုင်ပွဲမှ ပွဲစဉ်အချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
