စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေသည့် လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလာအနေဖြင့် နှစ်နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် The Mirror သတင်းဌာန၏ ဖော်ပြမှုကိုကိုးကား၍ Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သူ ဆာလာ၏ စာချုပ်မှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဆာလာ၏အေးဂျင့်ဖြစ်သူ ရမ်မီအက်ဘက်စ်က သုံးနှစ်စာချုပ် ချုပ်ဆိုလိုကြောင်း တောင်းဆိုထားပြီး လီဗာပူးလ်အသင်း ပိုင်ရှင် Fenway Sports Group (FSG) ဘက်ကမူ တစ်နှစ်စာချုပ်အတွက်သာ ပြင်ဆင်ထားသဖြင့် ဆွေးနွေးမှုကြန့်ကြာနေခြင်း ဖြစ်သည်။
ယခုအခါ ၂၀၂၇ ခုနှစ်အထိ နှစ်နှစ် စာချုပ်အတွက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း The Mirror နှင့် Daily Mail သတင်းဌာနတို့က ဖော်ပြခဲ့သည်။ ဆာလာသည် လက်ရှိစာချုပ်အရ တစ်ပတ်လစာ ပေါင်လေးသိန်းအထိရရှိနေသဖြင့် လစာကိစ္စမှာ ပြဿ နာမရှိနိုင်ဘဲ စာချုပ်သက်တမ်းအတွက်သာ ဆွေးနွေးနေရခြင်းဖြစ်ဖွယ်ရှိသည်။
ဆာလာသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ရှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၃၇၀ ကစား၊ ၂၂၆ ဂိုး သွင်းယူပေးထားသည်။ ၎င်းနှင့်အတူ အသင်းခေါင်းဆောင် ခံစစ်အတွင်းလူ ဗန်ဒိုက်နှင့် ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်တို့နှစ်ဦးမှာလည်း စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
