မြိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးများထွက် ရှိလာသည်ကို ဒေသခံများခံစားခဲ့ရပြီး တာဝန်ရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ စည်ကမ်းချက်လိုက်နာမှုမရှိသော စက်ရုံတစ်ရုံကို ပိတ်ထားရန် ညန်ကြားခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင်ဖြစ်ပေါ်နေသည့် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးများထွက်ရှိနေမှုကို ဝန်ကြီးချုပ်ကိုယ်တိုင် စက်ရုံတာဝန်ခံများနှင့် ပိုင်ရှင်များအား ခေါ်ယူသတိပေးခံဝန်ထိုးခိုင်းထားပြီး စည်းကမ်းချက်များဖောက်ဖျက်ပါက စက်ရုံကို ပိတ်သိမ်းမည်ဟု ညွန်ကြားထားခဲ့ကြောင်း သိရသည်။
သို့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စက်ရုံများမှ အနံ့သက်ဆိုးရွားစွာ ထွက်ပေါ်လာပြန်သဖြင့် မြို့နေလူထုမှ ၀ိုင်းဝန်းဝေဖန်ခဲ့ရာ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မြိတ်က ငါးအမှုန့်ကြိတ် စက်ရုံကအနံ့တွေနှင့် ပြည်သူတွေခံစားနေရတာ နှစ်ပေါင်းများစွာကြာလာပါပြီ။ တဖြည်းဖြည်းနဲ့ အနံ့ဆိုးတွေက နဂိုမူလထက်အခြေနေ ဆိုးလာတာခံစားလာရတယ်။ ပြည်သူတွေက လည်းအော်လာတယ်။ ဆိုရှယ်မီဒီယာတွေကနေလည်း အော်လာကြတယ်။ ပထမအ ကြိမ်စီမံ / ဘဏ္ဍာဝန်ကြီးအနေနဲ့ အရာရှိရိပ်သာမှာ စက်ရုံအားလုံးကိုခေါ်ပြီး အနံ့တွေကို ထိန်းသိမ်းဖို့၊ လတ်ဆတ်တဲ့ငါးတွေကိုပဲ အသုံးပြုဖို့ညွန်ကြားထားတာရှိတယ်။ ဒါပေမဲ့လည်း လုပ်မြဲအတိုင်း လုပ်နေကြတယ်။ တချို့စည်းကမ်းပိုင်းကို လိုက်နာတဲ့စက်ရုံတွေရှိသလို တချို့ကလည်းစည်းကမ်းချိုး ဖောက်နေတာကို သတင်းရရှိတယ်။ နိုဝင်ဘာ၁၉ ရက်မှာ တစ်မြို့လုံးနီးပါး အနံ့နံနေတာ ၂၀ ရက်ကျတော့ မြို့နယ်ကြီးကြပ်ရေးအဖွဲ့နဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တယ်။ အဲဒီမှာ စက်ရုံလေးရုံစလုံးကို စစ်ပါတယ်။ အဲဒီမှာသတ်မှတ်ထားတဲ့စည်းကမ်းကို ချိုးဖောက်တဲ့ဗင့်န်တေ့ချ် စက်ရုံကို စစ်ဆေးတော့ ငါးကန်အောက်မှာလုံးဝပုပ်နေပြီဖြစ်တဲ့ ငါးတွေကိုတွေ့ရတယ်။ အပေါ်မှာက လတ်ဆတ်တဲ့ငါးတွေကိုအပေါ်မှာ တင်ထားတယ်။ အပေါ်ကတင်ထားတဲ့ လတ်ဆတ်တဲ့ငါးတွေကို တူးဆွလိုက်တော့ အတော်လေးကို လျော့ရဲပျော့တွဲနေတဲ့ငါးတွေကို တွေ့ရတယ်။ ဒါကြောင့်ဥပဒေအရ ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့ကာလအတွင်းမှာလည် ပတ်ရင်တော့ ဥပဒေအရတရားစွဲဆိုသွားမှာပါ” ဟု မြိတ်မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၁ (ဍ) အရ ပိတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါဥပဒေကို ချိုးဖောက်ပြီး ဆက်လက်လုပ်ကိုင်ပါကတရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စက်ရုံကအခုလုပ်ငန်းရပ်ထားပါပြီ။ မီးခိုးခေါင်းတိုင်ကို လည်းသတ်မှတ်ထားတဲ့ပေ ၁၀၀ အထက်ရောက်အောင်ပြန် လည်တပ်ဆင်နေပါတယ်။ အနံ့ဆိုးကန်ကိုလည်း သန့်ရှင်းရေးလုပ်နေသလို ပါကေးငါးတွေ ထည့်တဲ့ကန်ကိုလည်း သန့်ရှင်းရေး လုပ်နေပါတယ်။ စက်ရုံလည်ပတ်မှု ဘာမှမလုပ်တော့ပါဘူး” ဟု ဗင်းန်တေ့ချ်ငါးအမှုန့်ကြိတ် စက်ရုံမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှလည်း နိုဝင်ဘာ ၂၂ ရက်က မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည့် ငါးအမှုန့်ကြိတ်စက်ရုံအနံ့ဆိုးများ လျော့နည်းပပျောက်ရေး ညှိနှိုင်းအစည်းအဝေးအရ စက်ရုံကို ရပ်နားထားရန် ညွှန်ကြားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
