ရခိုင်ပြည်နယ်အတွင်း ဆန်စျေးနှုန်းများ မြင့်တက်နေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့မှုလျော့ကျလာကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ရရှိသည့်စာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခွန်တိုးမြှင့်လာခြင်းနှင့် ရခိုင်ပြည်နယ်အတွင်းတွင် ဆန်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ဆန်တင်ပို့ရန် အဆင်မပြေသည့်အတွက် တင်ပို့မှု လျော့နည်းလာခြင်းဖြစ်ကြောင်းလည်း ကုန်သည်များထံမှ သိရသည်။
“ဆန်တင်ပို့မှုလုံးဝရပ်တာတော့ မဟုတ်ဘူး။ ဒီနိုဝင်ဘာလမှာလည်း အခုအချိန်ထိဆိုရင် ဆန်ငါးတန်တင်ပို့ခဲ့တယ်။ အရင်လကလည်းပို့တယ်။ ဒါပေမဲ့ ဆန်တင်ပို့မှု လျော့တာတော့မှန်တယ်”ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က ပြောကြားသည်။
လက်ရှိတွင် ဆန်တင်ပို့မှု လျော့နည်းနေသော်လည်း ပြည်တွင်းစျေးကွက်တွင် ဆန်စျေးနှုန်းကျဆင်းလျှင် ကုန်သည်များတွက်ခြေကိုက်လာလျှင် ပိုမိုတင်ပို့လာဖွယ်ရှိကြောင်းလည်း ကုန်သည်များက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလ ဧပြီလမှ စက်တင်ဘာလအထိ ဆန်တန်ချိန် ၄၂၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလတွင် ဆန်တန်ချိန် ၂၀ သာ တင်ပို့့နိုင်ခဲ့ကြောင်း နှင့် နိုဝင်ဘာလအတွင်း ဆန်ငါးတန်တင်ပို့ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက သိရသည်။
၂၀၁၇-၂၀၁၈ ခု ဘဏ္ဍနှစ်အတွင်းတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်တန်ချိန် ၂၆၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၏ အများဆုံး ပို့ကုန်စာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
