ပြီးခဲ့သည့်တနင်္ဂနွေနေ့ကကစားခဲ့သော ပရီးမီးယား လိဂ်ပွဲစဉ် ကာဒစ်ဖ် (၁-၂) ချယ်လ်ဆီးပွဲ၌ ပွဲပြီးခါနီးမိနစ်ပိုင်းအတွင်း ပြိုင်ဘက်အသင်းအား ချေပဂိုးနှင့် အနိုင်ဂိုးပေးခဲ့ရခြင်းအတွက် ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်သည် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲတွင် ကာဒစ်ဖ်အသင်းမှာ ပွဲချိန်(၄၆)မိနစ်၌ ဦးဆောင်ဂိုးသွင်းယူထားနိုင်သော်လည်း ပွဲချိန် (၈၄)မိနစ်တွင် ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက ချေပဂိုး၊ ပွဲချိန်(၉၀+၁)မိနစ်၌ ချယ်လ်ဆီးကွင်းလယ်လူ လော့ဖ်တပ်ချိခ်က အနိုင်ဂိုးသွင်းယူခဲ့ခြင်းကြောင့် အိမ်ကွင်းတွင် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ကာဒစ်ဖ်အသင်းမှာ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့်အသင်းဖြစ်ပြီး ယင်းရှုံးပွဲမှာ အသင်းအတွက် များစွာနစ်နာစေခဲ့သည်။
သို့ဖြစ်ရာ ကာဒစ်ဖ်အသင်းနည်းပြ နေးလ်ဝါနော့ခ်သည် ယင်းပွဲမှ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအတွက် မကျေမနပ်ဖြစ်နေပြီး ကွင်းဘေးစည်းတွင် ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အထူးသဖြင့် ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာမှာ ချေပဂိုးမသွင်းယူမီ သိသိသာသာလူကျွံနေသော်လည်း ဒိုင်လူကြီးက ဂိုးပေးခဲ့ခြင်းကို ၀ါနော့ခ်က ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးနောက်ခံလူ အလွန်ဆို ခေါင်းတိုက်ချိန်၌ အက်ဇ်ပီလီကွယ်တာနှင့် လော့ဖ်တပ်ချိခ်တို့မှာ လူကျွံအနေအထားတွင် ရှိနေသည်ကို ရုပ်သံပြကွက်များ၌ ထင်ရှားစွာတွေ့ မြင်ခဲ့ရသည်။
၀ါနော့ခ်သည် ကွင်းဘေးစည်းတွင် အရန်ဒိုင်လူကြီး မာရင်ဒါကို ''နှစ်ကိုက်လောက်လူကျွံနေတယ်''ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ထို့ပြင် ပွဲချိန်(၈၆)မိနစ်၌ ကာဒစ်ဖ်တိုက်စစ်မှူး ဇိုဟိုရေအား ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ တွန်းလှဲခဲ့သည့်လုပ်ရပ်တွင်လည်း ဒိုင်လူကြီးအနေဖြင့် အဝါကတ်သာပြသခဲ့ခြင်းကို ၀ါနော့ခ်က ဒေါသထွက်ခဲ့ကြောင်း သိရှိရသည်။
ပွဲအပြီး ၀ါနော့ခ်၏ ဒေါသပေါက်ကွဲစကားသံများ
''ဒီပြိုင်ပွဲဟာ ကမ္ဘာ့အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံးလိဂ်ပြိုင်ပွဲပါ။ ဒါပေမဲ့ အဆိုးရွားဆုံး ဒိုင်လူကြီးတွေ ရှိနေတဲ့ပြိုင်ပွဲလည်းဖြစ်နိုင်ပါတယ်''
''အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေမှာ VAR မဖြစ်မနေလိုအပ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ထွက်လာဖို့ မလွယ်လို့ပါ''
''ကျွန်တော်တို့ ဒီပွဲအတွက် ရက်သတ္တပတ် (၃) ပတ်လောက် ပြင်ဆင်ခဲ့ရပါ တယ်။ ဒါပေမဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ကို မျက်နှာသာ မပေးခဲ့ပါဘူး''
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
