ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ရန်အောင်ကျော်က AFC Cup ပြိုင်ပွဲ အုပ်စုပွဲအဖြစ် ဗီယက်နမ်ကလပ် ဟနွိုင်းအသင်းနှင့် ယနေ့ယှဉ်ပြိုင်ကစားမည့်ပွဲမှာ အသင်းဂုဏ်သိက္ခာ၊ နိုင်ငံ့ဂုဏ်သိက္ခာအတွက် အရေးကြီးကြောင်း ပြောကြားသည်။
ရန်ကုန်ယူနိုက်တက်နှင့် ဟနွိုင်းအသင်းတို့သည် ၂၀၁၉ AFC Cup ပြိုင်ပွဲ အုပ်စု တတိယပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဟနွိုင်းမြို့ရှိ ဟန်ဒေးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယင်းပွဲနှင့်ပတ်သက်၍ ရန်အောင်ကျော်က ''ကျွန်တော်တို့အသင်းက AFC Cup ပြိုင်ပွဲမှာ ရှေ့ပွဲနှစ်ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ပြည်တွင်း MNL ပွဲမှာလည်း ဧရာဝတီအသင်းကို လတ်တလော ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် ဟနွိုင်းအသင်းနဲ့ကစားရမယ့်ပွဲက ကျွန်တော်တို့ကလပ်အသင်းအတွက်ရော နိုင်ငံအတွက်ပါ ဂုဏ်သိက္ခာပိုင်းအရ အလွန်အရေးကြီးတဲ့ပွဲတစ်ပွဲပါပဲ။ ဒါကြောင့် ဒီပွဲမှာ ကျွန်တော်တို့ကစားသမားတွေအနေနဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားဖို့ လိုအပ်ပါတယ်။ ဟနွိုင်းအသင်းက တောင့်တင်းတဲ့အသင်း ကောင်းတစ်သင်းပါ။ သူတို့အသင်းမှာ ဗီ ယက်နမ်လက်ရွေးစင်ကစားသမားတွေရော နိုင်ငံခြားသားကစားသမားတွေပါ ပါဝင်နေ တယ်ဆိုတာကို သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်စိတ်မရှိပါဘူး''ဟု ပြောကြားသည်။
ရန်ကုန်အသင်းသည် အုပ်စုပထမပွဲတွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းကို အိမ်ကွင်း၌ (၁-၃) ဂိုး၊ အုပ်စု ဒုတိယပွဲတွင် ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းကို အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
